(မမျှော်လင့်ထားသောဖိတ်စာ)
ဘာစီလိုနာမြို့၌လူအစည်ကားဆုံးနေရာဖြစ်သည့်မြို့လည်ခေါင်ရှိ(Happy Land)ကစားကွင်းကြီးထဲကစားစရာပစ္စည်များဂိမ်းများအပြင်မုန့်ဈေးတန်းများတွင်လူများကြိတ်ကြိတ်တိုးပင်။ကျောင်းပိတ်ရက်လည်းဖြစ်သည့်အတွက်လူဒီလောက်များနေသည်မှာသိပ်တော့ထူးဆန်းသည်မဟုတ်။ဈေးတန်းများထဲရှိKFCကြက်ကြော်ဆိုင်ခွဲလေးတစ်ဆိုင်ထဲရှိဝယ်သူတွေorderများမှာကြားနေသည်ကိုလိုက်၍မှတ်ပေးနေရပြီးအနောက်မီးဖိုခန်းထဲရှိပါဆယ်များကိုယူကာစောင့်နေသူများကိုပေးရသည့်အလဲအလှယ်အလုပ်ကိုအိုဝင်အဘယ့်ကြောင့်စိတ်ဝင်စားစရာကောင်းသည့်အလုပ်ဟုပြောလိုက်မိသလဲဟုပြန်စဉ်းစားနေရသည်။
"ဒီမှာပါဗျ!..ပျားရည်နဲ့ကြော်ထားတဲ့ကြက်ကြော်တစ်ခြင်းပါ။"
"ဟုတ်ကဲ့"
"ဟုတ်နောက်လည်းထပ်ပြီးအားပေးလှည့်ပါဦးနော်"
ဈေးဝယ်သူအန်တီကြီးမှပြုံးပြ၍ခေါင်းငြိမ့်ကာနှုတ်ဆက်ပြီးထွက်သွားကာယိုရှီရောက်လာသဖြင့်အမြင်မကြည်သောမန်နေဂျာနှင့်တွေ့ခိုက်~
"ငါတို့ဆိုင်ကဝန်ထမ်းကအချိန်နဲ့အချိန်အလုပ်လုပ်ရတာနော်...မုန့်မဝယ်ဘူးဆိုရင်လည်းလာနှောက်ယှက်မနေနဲ့ယိုရှိ"
"ရော့...ထုံးစံအတိုင်းနွားနို့ရေခဲမုန့်တစ်ခွက်ပေးအိုဝင်"
၁ကျပ်တန်ဒေါ်လာကိုပေးပြီးဝယ်စားသောရေခဲမုန့်မှာဆင့်၃၀ပြားသာကျသူမှာအတော်ကိုပင်ဖြစ်ထွန်းတော့မည်။
"မင်းကလည်း...အလုပ်မရှိရင်ရေကူးကန်မသွားဘဲနဲ့"
"သွားမှာ...မင်းမျက်နှာကိုမြင်ချင်လို့လိုက်လာတာလေ"
အိုဝင်မျက်ဖြူတစ်ချက်ဆိုက်ပြလိုက်ကာ မှယိုရှီဟက်ဟက်ပက်ပက်ရီကာဆိုင်ကောင်တာဖက်သို့တန်းတန်းလာနေသူအားသိနေသယောင်မို့~
"ဟိုဟာမင်းရဲ့အိမ်နီးချင်းမှတ်လား"
"ဟမ်!ဘယ်ဟာ...?"
ယိုရှီလက်ညိုးညွှန်ရာဖက်သို့လှမ်း၍ကြည့်လိုက်ကာရုပ်တည်ကြီးနှင့်မိမိရှိရာဖက်သို့လမ်းလျှောက်လာသည့်အန်သိုနီအားမြင်ကာအောက်သို့အလိုလျောက်ထိုင်ချမိလိုက်သည်။သို့သော်သူကောင်တာအနီးသို့ရောက်လာသည်ကိုခံစားမိနေ၏။ယိုရှီနှင့်အန်သိုနီမှာမျက်နှာချင်းဆိုင်ကြည့်နေကြပြီးတစ်ယောက်နှင့်တစ်ယောက်မတည့်ကြသည်ပုံစံနှင့်ပင်။တကယ်တမ်းမှာယိုရှီကအိုဝင်အပေါ်တဖက်သတ်ဖြစ်ပြီးအန်သိုနီကအိုဝင်၏စိတ်ဝင်စားမှုအကုန်လုံးကိုယူထားခြင်းကြောင့်မမြင်ဖူးသော်လည်းယိုရှီမှာအစထဲကအန်သိုနီ့နာမည်ကြားလျှင်ကိုမတည့်ချေ။
YOU ARE READING
ပြတင်းပေါက်ငယ်မှအစပြု၍
FantasyJust translation from My Fav Author ဒီficလေးကတော့ဘုဏ်းရဲ့fav Author ထဲက ficတစ်ပုဒ်ကို inspire ယူပြီးရေးမှာပဲဖြစ်ပါတယ်translationလိုပုံစံမျိုးနဲ့blပုံစံနည်းနည်းလေးပြောင်းရေးမှာပါ။အဲ့ficလေးကseason-3ထိဇာတ်ကားလည်းထွက်ထားပါတယ်...။ So,I give crd for Auth...