(သရီးဆမ်းမဟုတ်သည့်Three sons)
~~~~~~~~~~~~~~~~~~~~~~~~~~~~အိုဝင်ရေချိုခန်းထဲသို့ဝင်သွားပြီးအကြာကြီးရေစိမ်နေမိသည်။အရက်သောက်များသွားသည်ကြောင့်လည်းပါမည်။သွေးကြောထဲရှိAlcohol(အယ်လ်ကိုဟောလ်)ပါဝင်မှုနှုန်းများသွားသဖြင့်ဓာတ်မတည့်သည့်ရောဂါအခံကြောင့်ဆေးပါသောက်ရတော့မည်။လုပ်ချင်ရာလုပ်ပြီးမှနောင်တရနေသူမှာအိုဝင်ဆလီဗာဒိုပင်ဖြစ်၏။
ရေချိုးပြီးညဝတ်လှဲထွက်လာရာခါတိုင်းနှင့်မတူသည်ကT-shirtအဖြူနှင့်ခဲရောင်ဘောင်းဘီတိုအပွလေးကိုဝတ်ထားသောကြောင့်မသိလျှင်Skirtအတိုလေးကိုဝတ်ထားသယောင်။ဖြူဝင်းသွယ်လျသောခြေချောင်းများကြောင့်အခြားယောက်ျားလေးများနှင့်မတူဘဲနူးနူးညံ့ညံ့ပုံစံလေးဖြစ်နေ၏။သူအင်္ကျီလဲရင်းတန်းလန်းအော်ရိုဂွန်ကို boxerတစ်ခုထဲနဲ့တင်ပစ်ထားခဲ့ကြောင်းသတိရမိ၍ဘာကိုသဘောကျမှန်းမသိသူပြုံးမိလိုက်သည်။ထို့နောက်ရေချိုးခန်းမှထွက်ပြီးအိပ်ခန်းထဲသို့ထွက်လာရာသူမထင်မှတ်ထားသည်ကိုတွေ့လိုက်ရသဖြင့်ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာလက်ထဲရှိမျက်နှာသုတ်ပါဝါပင်လွတ်ကျသွား၏။
"အန်...အန်သိုနီ!မင်း...မင်းကဒီကိုဘယ်လိုလုပ်ပြီးတော့ရောက်နေတာလဲ?"
"ငါလား?ဒီကိုဘာလာလုပ်တယ်ထင်လို့လဲ...ဟမ်!"
သူနာမည်ကြားသည်နှင့်ကုတင်ပေါ်ရှိသူ့ညီကိုဖက်ထားရင်းမှအဝါရောင်မျက်လုံးကြီးများဖြင့်စိုက်ကြည့်လာသည်မှာထသတ်တော့မည့်အတိုင်း။အိုဝင်ကိုမြင်တော့ခြေလှမ်းကြဲကြီးများဖြင့်တည့်တည့်လျှောက်လာပြီးလက်ကိုသူ့အားကြီးနှင့်ဆောင့်ဆွဲကာကုတင်နားသို့ခေါ်လာလေသည်။
"အာ့!!..ဘာ...ဘာဖြစ်လို့ဇွတ်ဆွဲခေါ်နေတာလဲ။နာတယ်လို့!"
"အဲ့စောက်ပါးစပ်ကိုပိတ်ထားစမ်းပါ!!ဒီမှာ...မင်းကငါကိုလိုက်ရုံတင်မဟုတ်ဘဲအသက်မပြည့်သေးတဲ့ငါ့ညီကိုပါချိန်နေတာကိုတကယ်မသိခဲ့ဘူး။"
"မင်း!!..မင်းစိတ်နဲ့လာနှိုင်းမနေနဲ့"
"အမှန်ကိုထိတော့နာတယ်မှတ်လား...ဟမ်!မင်းနဲ့တစ်ညအိပ်ဖို့မင်းကိုပိုက်ဆံဘယ်လောက်ပေးရမှာလဲ?"
YOU ARE READING
ပြတင်းပေါက်ငယ်မှအစပြု၍
FantasyJust translation from My Fav Author ဒီficလေးကတော့ဘုဏ်းရဲ့fav Author ထဲက ficတစ်ပုဒ်ကို inspire ယူပြီးရေးမှာပဲဖြစ်ပါတယ်translationလိုပုံစံမျိုးနဲ့blပုံစံနည်းနည်းလေးပြောင်းရေးမှာပါ။အဲ့ficလေးကseason-3ထိဇာတ်ကားလည်းထွက်ထားပါတယ်...။ So,I give crd for Auth...