Chapter-6(Unicode)

365 22 2
                                    

(The Candles' Room)

ရေချိန်ကိုက်နေပြီဖြစ်ရာတစ်ခါမျှAlcohol (အယ်လ်ကိုဟော)များစွာကိုတစ်ကြိမ်ထဲမသောက်ဖူးသည့်အိုဝင်အဖို့အသိစိတ်ပါလွတ်ချင်သယောင်။သို့သော်ထိုင်ခုံပေါ်ထိုင်နေရင်းသူ့အားစိုက်ကြည့်နေသူမှာသတ္တိရှိရင်အထဲကိုလာခဲ့လေဟူသည့်အထာနှင့်မျက်နှာပေးကအစချေမိုးလျက်။ထို့ကြောင့်သူ့ဆီသွားရန်ဆုံးဖြတ်လိုက်ပြီးVIP Room ဆီသို့ရီဝေဝေလျှောက်လာခဲ့၏။ပြဿနာမှာအခန်းရှေ့ကFamily bodyguard ဆိုသည့်မာမီကြီးမှာအထဲသို့ဝင်ခွင့်ရှိမရှိစစ်နေခြင်းပင်။

အိုဝင်အခန်းရှေ့သို့ရောက်သွားပြီး~

"Passwordပြော!ကောင်လေး"

"အမ်...ဒီထဲကိုသူငယ်ချင်းကဝင်လာခဲ့ဖို့ပြောလို့"

"Nope...passwordမှားနေတယ်"

"ဟာ!ကျွန်တော်သူငယ်ချင်းကခေါ်တာပါဆို..."

အိုဝင်လေသံအနည်းငယ်မာသွားသည်။လူတန်းစားခွဲခြားချင်ရင်လည်းဘာကိစ္စဒီလိုမျိုးတွေဖိတ်နေတာလဲ။

"ဒါကတကယ့်greatဖြစ်တဲ့ VIPတွေပဲဝင်ရတဲ့အခန်းနော်"

"အဲကျွန်တော်.."

"ပြီးတော့မင်းရဲ့သူငယ်ချင်းခေါ်တယ်ဆိုရင်လည်းအတူလာခဲ့လိုက်ပါလား?"

"ကျွန်တော့်သူငယ်ချင်းကိုခဏလေးဝင်သွားပြီးနှုတ်ဆက်ချင်တာကအဲ့လောက်တောင်greatဖြစ်နေရမှာလားဗျ"

"ရှင်းရှင်းလေးပဲလေမင်းလိုလူဒီလိုနေရာနဲ့ကလားလားမှမဆိုင်တဲ့အကြောင်းကိုသိသာနေတာပဲ"

"ခင်ဗျား!!"

"Yo bro!!WiFi password ပေးထားတဲ့အိမ်နီးချင်းမှတ်လား"

်ထိုအချိန်နောက်မှအိုဝင်အားပခုံးသိုင်းဖက်လိုက်ပြီးအသံချိုချိုနှင့်ပြောလာသောသူတို့၏အငယ်ဆုံးသားအော်ရိုဂွန်ဟီဒါလ်ဂိုမှာလည်းကလပ်ထဲမှာပင်။အိုဝင်နှင့်ယှဉ်လျှင်သူတို့ညီအစ်ကိုသုံးယောက်လုံးမှာထောင်ထောင်မောင်းမောင်းထွားထွားကြိုင်းကြိုင်းပင်ဖြစ်သည်။အော်ရိုဂွန်မှာသူ့ထက်၂နှစ်ငယ်သော်လည်းခန္ဓာကိုယ်အချိုးအစားမှာသူ့အစ်ကိုအန်သိုနီဟီဒါလ်ဂိုကဲ့သို့မျိုးဖြစ်သည့်အလျောက်ချောမောသည့်ရုပ်ရည်၊ဖြူဝင်းသောအသားရည်၊ဆံပင်ပုံစံအမျိုးမျိုးနှင့်ခေတ်လူငယ်ပုံစံ။ယခုလည်းအိုဝင်အားသူ့လက်မောင်းကြီးများနှင့်ပေါ့ပေါ့ပါးပါးပင်ပြောဆိုနေသည်။

ပြတင်းပေါက်ငယ်မှအစပြု၍Where stories live. Discover now