Chapter-4(Unicode)

421 25 6
                                    


(ပြတင်းပေါက်မှဝင်လာသည့်နှလုံးသားသူခိုး)

အိမ်ထဲဝင်ဝင်ချင်းဧည့်ခန်းထဲ၌ဒေါသထွက်နေသယောင်ရှိသည့်မာမီအားTVကြည့်လျက်တွေ့လိုက်ရသဖြင့်အိုဝင်ခဗျာကုပ်ကုပ်လေးဝင်လာခဲ့ရသည်။ပြီးမှမာမီအနားသွား၍မျက်နှာချိုသွေးကာ

"သားရဲ့ချစ်ဆုံးမာမီ..ည၁၀နာရီတောင်ရှိနေပြီကိုမအိပ်သေးဘူးလား?"

"အင်း...ပြောပါဦး။ဒီလောက်နောက်ကျတဲ့အထိဘယ်တွေများသွားလာလို့တုန်း။"

"ဟိုဟာ...ဟိုမုန့်ဆိုင်မှာ...စတော်ဘယ်ရီကိတ်ဝယ်နေတာနဲ့နည်းနည်းလေး.."

"မုန့်ဆိုင်က၉နာရီထိပဲဖွင့်ထာလေအိုဝင်...ဒီအရွယ်တောင်ရောက်နေပြီကိုလိမ်မယ်ဆိုရင်လည်းပိပိရိရိတော့လိမ်ပေါ့ကွယ်"

မာမီအသံအေးအေးနှင့်အရမ်းကြီးဒေါသထွက်မနေသလိုထင်ရသော်လည်းစိတ်ပူနေသည်မှာအမှန်ပင်။ယခုလည်းထမင်းစားမစားရသေးသည့်ပုံနှင့်သားဖြစ်သူကိုထိုင်စောင့်နေတက်သောအကျင့်ကြောင့်မီးဖိုးထဲသို့စကားပြောရင်းဝင်သွားကာစွပ်ပြုတ်အိုးနွှေးနေလေ၏။အိုဝင်အနောက်မှလိုက်သွားရင်း

"မာမီကလည်း...သားအပြင်မှာနောက်ကျပြီးနေလို့ရတယ်လို့မာမီကိုယ်တိုင်ပြောခဲ့တယ်လေ။"

"မာမီပြောတာကကျောင်းပိတ်ရက်တွေမှပဲလို့ပဲပြောတာလေ...။"

"ဟွန့်!"

"ကဲလူညစ်ပတ်ကလေး!microwaveနဲ့စွပ်ပြုတ်နွှေးထားမယ်..ရေတွေစိုလာတာကိုမြန်မြန်အဝတ်စားလဲပြီးဆင်းခဲ့။"

"ရေး...Mommy is the best"

"အပေါ်ထပ်မှာNokiစောင့်နေတယ်...သူခဗျာသူ့သခင်ပြန်မလာတာနဲ့တင်ကိုဘာမှကျွေးမရတော့တာပဲ"

"ဩ..ဟုတ်သား။သားကျွေးလိုက်ပါ့မယ်သားကိုလွမ်းနေတာမာမီနဲ့သူပဲရှိတယ်"

အ​ပေါ်ထပ်သို့အမြန်ပြေးတက်လာကာအိပ်ခန်းဘေးရှိဆိုဖာသေးသေးပေါ်ရှိခွေးပေါက်စလေးမှာအိပ်ပျောက်လျက်။နိုကီ့ခေါင်းလေးအားသူ့လက်နှင့်ပွတ်သပ်ပေးပြီး

"ဟဲလို!နိုကီလေးရေ...ကိုကိုပြန်ရောက်ပြီနော်ထမင်းစားရအောင်"

ပြတင်းပေါက်ငယ်မှအစပြု၍Where stories live. Discover now