Chapter-2(Unicode)

655 30 0
                                    

(ချစ်မွှေးမပါသည့်အိမ်နီချင်း)
~~~~~~~~~~~~~~~~~~~~~~

လူတိုင်းနီးပါးတွင်ကောင်းသည်ထက်မကောင်းသည့်အကျင့်များစွာရှိကြသည်မှာကိုယ်တိုင်သာအသိဆုံးပင်။ပုံမှန်ဆိုလျှင်သူဟာနှင့်သူအေးဆေးသာနေတက်သူအိုဝင်ဆလီဗာဒို၏မကောင်းသည့်အကျင့်မှာအအိပ်ဆတ်တက်ခြင်းကြောင့်သူအိပ်နေ၍လာနှောက်ယှက်လျှင်မီးပွင့်အောင်ဒေါသထွက်တက်သည့်လူတစ်မျိုးဖြစ်သည်။

ယခုလည်းညကြီးသန်ခေါင်မှထူးဆန်းသည့်သီချင်းသံတစ်ခုကြောင့်လန့်ကာနိုးလာ၏။ဘေးဘီကိုအိပ်ချင်မူးတူးနှင့်ကြည့်လိုက်သောအခါကုတင်ပေါ်၌ပြန့်ကျဲနေသည့်စာရွက်များစွာနှင့်စာအုပ်များမှာသူ၏အဖော်များလိုပင်ရှိနေပေးသည်။မျက်ခွံများမှာလေးလံ၍အိပ်ချင်နေသည်မို့အသံများမကြားရအောင်ခေါင်းအုံးနှင့်ခေါင်းကိုဖိကာထားသော်လည်းသူဘယ်လိုနည်းနဲ့မှပြန်အိပ်၍မရတော့ချေ။

လူလိုရောနားလည်ရဲ့လားမသိ။လူအိပ်ချိန်ကိုလာပြီးဘေးပတ်ဝန်းကျင်ကိုမှအားမနာ၊ကျောင်းပိတ်ရက်လည်းမဟုတ်ဘဲနဲ့ဘယ်လိုလူတွေလဲဟ။ညဝတ်ဖြစ်သည့်ချိုင်းပြတ်အင်္ကျီခဲရောင်နှင့်ဘောင်းဘီတိုအနက်ရောင်ကိုဝတ်ဆင်ထားကာအိပ်ရာပေါ်မှကုန်းရုန်းကာထလိုက်ပြီးစိတ်ထဲမှပြောချင်ရာတွေပြောနေလိုက်သည်။

သူခါတိုင်းအိပ်လျှင်ပြတင်းပေါက်ကိုဖွင့်၍ခန်းဆီးများလည်းချထားတက်၏​။ယနေ့ညမတိုင်ခင်ထိမည်သည့်ဆူညံမှုမျိုးမှလည်းမကြုံခဲ့ဖူးသည်ကြောင့်လည်းပါမည်။ဘာရယ်ကြောင့်များတနေကုန်အလုပ်တွေအများကြီးလုပ်လာ၍ပင်ပန်းလာသည့်နေ့မှအိပ်ချိန်ကိုနှောက်ယှက်သူကိုသိချင်သောကြောင့်ပြတင်းပေါက်ဆီသို့အိပ်ချင်မူးတူးနှင့်လေးပင်စွာသွားလိုက်လေသည်။သူအခုမှသတိထားမိသည်ကဖွင့်နေသောသီချင်းမှသူကြားဖူးသယောင်ရှိသည့်သီချင်းတစ်ပုဒ်ပင်။သူချထားသည့်ခန်းဆီများကိုစုကာစည်းလိုက်ပြီးပြတင်းပေါက်ကိုဖွင့်ကာကြည့်လိုက်မှဟီဒါလ်ဂိုခြံနောက်ဖက်ထဲရှိထိုင်ခုံပေါ်တွင်တစ်ယောက်ယောက်ထိုင်နေသည်ကိုတွေ့ရ၏။

ဒီတစ်ကြိမ်မှာတော့ထိုင်နေသူကအာရိုဂွန်မဟုတ်ကြောင်းကိုအိုဝင်သိနေလေသည်။ဒီအချိန်ကြီး၌သီချင်းဖွင့်၍ထိုင်နေသူမှာအန်သိုနီမှလွဲရင်အခြားသူမဖြစ်နိုင်ကြောင်းကိုနားလည်၍အိုဝင်တစ်ယောက်ရင်ထဲဗလောင်ဆူနေလေပြီ။

ပြတင်းပေါက်ငယ်မှအစပြု၍Where stories live. Discover now