(အိုဝင်ဆလီဗာဒိုသွားရာမိုးလိုက်လို့ရွာ)
"ဘာဖြစ်လာတာလဲဘရို!အဆင်ပြေရဲ့လား?။မျက်နှာကခဏကထက်ပိုနီနေသလိုပဲ။"
"ဘာမှမဖြစ်ဘူး...ကလပ်ထဲကမှာတော်တော်ပူတယ်နော်။"
"ဟုတ်တယ်။အဲ့တာအဲလက်စ်ကိုပြောထားသေးတယ်။အဲယားကွန်းတပ်ပေးမယ်ဆိုပြီးအခုထိတပ်မပေးသေးတာပဲ။"
"ဪ...!"
"ဘာလို့လဲမသိ...အိမ်ကကျွန်တော်ပြောတဲ့စကားကိုသိပ်နားထောင်ကြတာမဟုတ်ဘူး။လူကိုတကယ့်ကလေးကြီးလိုဆက်ဆံနေကြတာ...။"
အိုဝင်ကလပ်ထဲပြန်ဝင်ခဲ့ပြီးစားပွဲဝိုင်းတစ်ခုရှိအရက်ခွက်ပေါင်းများစွာနှင့်အခြားသောက်စရာမျိုးစုံရှေ့၌တစ်ယောက်ထဲထိုင်နေသောအော်ရိုဂွန်နှင့်တွေ့ကာစကားပြောနေလေ၏။သူခဗျာလည်းအစ်ကိုတွေရဲ့ကလပ်ထဲရောက်နေပြီးဘာလုပ်ပိုင်ခွင့်မှလည်းမရှိသလိုဘာကိုမျှလည်းသောက်ခွင့်မရှိသောကြောင့်သောက်စရာများကိုငေးကြည့်နေရသည်။မြင်သာမြင်ရမကြင်ရဟူသည့်အတိုင်းပင်။
"မင်းကကလေးမှမဟုတ်တော့တာကို"
"အင်းလေ...အဲ့တာသူတို့ကိုသိစေချင်တယ်ဗျာ။"
"ဘယ်သူတို့?"
"အဲလက်စ်နဲ့အန်သိုနီလေ"
"......."
"ဟင်းးးးးးမားမားနဲ့ပါးဆိုရင်ဘာကိစ္စနေနေကျွန်တော်ကိုထည့်မတွက်ဘူး။ကျွန်တော်အသက်ရှိသေးမှန်းတောင်သူတို့သိရဲ့လားမသိ။"
"အဲ့တာလည်းကောင်းတာပဲလေညိုကီရဲ့မင်းဆီဘာဝန်ထုပ်ဝန်ပိုးမှမရှိတော့တာပေါ့။အခုအသက်ငယ်တုန်းလွပ်လွပ်လပ်လပ်နေလိုက်စမ်းပါ။ကြီးလာလို့ရင်မယူချင်မှအဆုံးမင်းအချိန်ပြည့်ကိစ္စတွေဖြေရှင်းနေရမှာ"
"ဘရိုမသိလို့ပါဗျာ။ကြာလေကျွန်တော်ဘဝကြီးကပျင်းစရာကောင်းလာလေပဲ။သူငယ်ချင်းမရှိဘာမရှိနဲ့...သူဌေးသားဆိုပေမယ့်အိမ်မပိုင်တော့ဘယ်သူမှမပေါင်းချင်ကြဘူးတဲ့လေ။အိမ်ကလူတွေကလည်းသူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတာ။ကျွန်တော်မှာတော့...ဟူး"
YOU ARE READING
ပြတင်းပေါက်ငယ်မှအစပြု၍
FantasíaJust translation from My Fav Author ဒီficလေးကတော့ဘုဏ်းရဲ့fav Author ထဲက ficတစ်ပုဒ်ကို inspire ယူပြီးရေးမှာပဲဖြစ်ပါတယ်translationလိုပုံစံမျိုးနဲ့blပုံစံနည်းနည်းလေးပြောင်းရေးမှာပါ။အဲ့ficလေးကseason-3ထိဇာတ်ကားလည်းထွက်ထားပါတယ်...။ So,I give crd for Auth...