(အပိုင်း20)

7.5K 112 9
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း20)

''ကိုယ်ပြန်တော့မယ်လေ''

''ဟင် ဘယ်ကိုပြန်မှာလဲ''

''မြို့ကကိုယ့်ဦးလေးကပြန်ခေါ်နေတယ်...ကိုယ်ပြန်ရတော့မယ်''

မမျှော်လင့်ထားတဲ့စကားမို့ ဘာပြန်ပြောရမှန်းမသိပဲနှုတ်ဆိတ်နေခဲ့မိတယ်။ဒီလိုမျိုးပြောလာမယ်လို့လည်း အနမ်းတစ်ခါမှမတွေးမိခဲ့လို့ထင်ပါရဲ့ မထင်မှတ်ထားတဲ့အချိန်မှာပြောလာတာကြောင့် ရင်ထဲမှာအောင့်သက်သက်နဲ့ဝမ်းနည်းလာတယ်၊အရင်ကမတည့်ခဲ့ပေမဲ့ ခုတော့ သူ့ကိုမတွေ့ရင် လိုက်ရှာမိတဲ့အထိကိုစွဲလန်းလာတယ်။အခုတော့ သူ့ကပြန်တော့မယ်တဲ့လား...

''ငယ်.. ကြားလား.....ဟင်''

ဇိုးခေါ်နေပေမဲ့ ပြန်မထူးပဲတွေတွေလေးရပ်နေတဲ့အနမ်းကို ပုခုံးလေးကိုအသားလေးလှုပ်ရမ်းလိုက်မိသည်။
ထိုမှ သတိပြန်ဝင်လာသလို သူ့ကိုစိုက်ကြည့်ကာစကားပြန်ဆိုတော့သည်။

''အော် အင်း ကြားပါတယ် ရုတ်တရက်မို့အနမ်းဘာပြန်ပြောရမှန်းမသိတော့တာ''

''ကိုယ့်ကလေးကဘာတွေအတွေးလွန်သွားတာလဲကွာ ဟင်..ဘာလဲကိုယ့်ကငယ့်ကိုထားပြီးထွက်သွားမယ်လို့ထင်နေတာလား..ဟုတ်လား?''

အနမ်းရဲ့လက်ကိုညင်သာစွာဆွဲကိုင်ပြီးပြောလာတာကြောင့် အနမ်းမျက်ရည်တွေကိုမကျမိအောင်ထိန်းထားနေရသည်။

''ပြောမရဘူးလေ ရှင်အသစ်တွေ့ပြီးအနမ်းကိုထားခဲ့ရင်ရော...''

''ထားခဲ့စရာလား ကိုယ့်မှာလေ ဒီက ကလေးအပြင်ဘယ်သူမှမရှိဘူး ရှိလည်းလာမှာမဟုတ်ဘူး သိလား''

အနမ်းဆွဲထားတဲ့လက်ကိုဖယ်ချကာ သူ့ကိုကျောခိုင်းထားလိုက်မိသည်။
ရင်ထဲမှာဆို့နစ်နေသည့်ခံစားချက်က ခံရခက်လွန်းသည်။
ငိုချင်နေတာကိုထိန်းထားရသည်က ထင်သလောက်မလွယ်ကူဘာ။

ဆွဲထားသည့်လက်ကိုဖြုတ်ကာတစ်ဖက်သို့လှည့်သွားတဲ့ချစ်ရသူလေးက သူ့ပြန်မှာကိုစိတ်မကောင်းဖြစ်နေသည့်အသွင်။

အနောက်ကနေခါးသိမ်သိမ်လေးကိုဆွဲဖက်ကာ

''ကလေးငယ်ကလည်းကွာ...ကိုယ့်ကပြန်လာမှာပါ မင်းမရှိတဲ့အရပ်မှာလေ ကိုယ်ကအချိန်ခနလေးတောင်မနေနိုင်ဘူး သိရဲ့လား''

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now