အပိုင်း (၂)

2K 65 13
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 2
~~~~~~
စိုင်းသူရိန်မင်း နေပြည်တော်မှာအစည်းအဝေးရှိလို့ လာတက်ရာကနေ မိတ်ဆွေသူငယ်ချင်းတွေက ဧည့်ခံပွဲပါတက်သွားပါဆိုလို့ သူ့မှာပွဲတွင်ရှိနေရသည်

ဒီလိုဧည့်ခံပွဲတွေတက်ရတာက သူ့အကြိုက်မဟုတ်လို့ အနည်းနဲ့အများဆိုသလို စိတ်ရှုပ်နေရသည်

သူစာသင်ခဲ့ဖူးတဲ့ တပည့်တွေလည်းပါသလို ရှယ်ယာဝင်ထားတဲ့လုပ်ငန်းတွေထဲက မန်နေဂျင်းဒါရိုက်တာတို့ မန်နေဂျာတို့ လုပ်ငန်းတာဝန်ခံတွေလည်းပါတာမို့ သူ့မှာနှုတ်ဆက်ရတဲ့သူက အများသား

ထိုအချိန် ဝိတ်တာကောင်လေးတစ်ယောက်က ဝိုင်တစ်ခွက်လာချပေးတာမို့ သူလည်းတစ်ကျိုက်တည်းဆိုသလိုမော့ချလိုက်သည်

ခဏကြာတော့ ခန္ဓာကိုယ်က အပူရှိန်အရမ်းမြင့်တက်လာပြီး အတွင်းထဲကနေလည်းတစ်ခုခုကိုလိုလားတောင့်တနေတာမို့ စိုင်းသူရိန်မင်းလည်း ချက်ချင်းဆိုသလို သူ့အခန်းရှိရာဆီတက်လာခဲ့သည်

" တောက် ဘယ်ကောင်ကလုပ်လိုက်ပြီလဲမသိဘူး "

အခန်းရှိရာဆီသွားရင်း သူ့မှာတိတ်တခိုးရေရွတ်မိသည်

ကိုယ့်ခန္ဓာကိုယ်ကိုတောင် ကိုယ်မသယ်နိုင်တော့တာမို့ သူ့မှာဘုန်းခနဲဆိုသလို ပစ်လှဲချသွားရသည်

ထို့နောက်မှာတော့ သူ့ကိုခေါ်နေတဲ့အသံ၊ သူ့ကိုအခန်းထိလိုက်ပို့ပေးတာတွေ.....

သူရေချိုးခန်းထဲကနေပြန်ထွက်လာတဲ့အချိန်ထိ ထိုမိန်းကလေးကရှိနေသေးတာမို့ သူလည်းစိတ်မထိန်းနိုင်တော့ဘဲ ထိုမိန်းကလေးရဲ့လက်ကိုဆွဲပြီး မွေ့ယာဆီကိုခေါ်ခဲ့လိုက်သည်

" ဆွေဆွေ ဟိုကလေး Toilet သွားတာကြာနေပြီနော် "

" ဟုတ်တယ် အမဆု တစ်နာရီလောက်တောင်ကြာနေပြီ ကျွန်မသွားကြည့်လိုက်ဦးမယ်နော် အမ "

" အမပါလိုက်ခဲ့မယ် "

ဒီလိုနဲ့ ဆွေဆွေနဲ့ လမ်းညွှန်လည်း သန့်စင်ခန်းရှိရာဆီအတူထွက်ခဲ့ကြသည်

" ဘယ်လိုလုပ်မလဲအမ ဒီမှာလည်းမရှိဘူး "

" လမ်းမှားသွားတာများလား ဒါနဲ့အဲ့ကလေး ဖုန်းပါသွားလား ဆွေဆွေ "

Mysterious Love (Ongoing) Where stories live. Discover now