အပိုင်း (၉)

2.2K 84 24
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 9
~~~~~~
" မေပျိုငယ် ဒါက ကျွန်တော့်ရုံးကလုပ်ဖော်ကိုင်ဖက်တွေ ညီထွဠ်၊ ဇေရဲ၊ ခန့်ညီသွင် "

" ဟုတ် တွေ့ရတာဝမ်းသာပါတယ် "

" သူကတော့ ကျွန်တော့်ရဲ့အမျိုးသမီး မေပျိုငယ် "

" ဟုတ်ကဲ့ဗျ ဆရာ "

" တွေ့ရတာဝမ်းသာပါတယ်ဗျ "

" ကျွန်တော်အခုထိအံ့သြနေတုန်းပဲ ဆရာအိမ်ထောင်ကျသွားတယ်လို့ ကျွန်တော်မကြားမိသေးဘူး "

" အခြေအနေတစ်ခုကြောင့် အမြန်လက်ထပ်လိုက်ရလို့ မင်းတို့မသိကြတာပါ "

" ဆရာ ကော်ဖီရှိသေးလား "

" ကြောင်အိမ်အပေါ်ဆုံးထပ်မှာရှိတယ် "

" ဆရာယူပေးပါလား မေပျိုမမှီဘူး "

မေပျိုပြောလိုက်တော့ ဆရာကထပြီးယူပေးတာမို့ ကျေနပ်ပီတိဖြစ်သွားရ၏

ဆရာတို့ကတော့အချင်းချင်းစကားပြောနေပေမယ့် မေပျိုကတော့ ကော်ဖီဖျော်ရင်းအလုပ်ရှုပ်နေမိသည်

" ဒါဆို ကျွန်တော်တို့သွားလိုက်ပါဦးမယ် ဆရာ "

" ကောင်းပြီ Monday ကျမှတွေ့ကြမယ် "

" ဟုတ်ကဲ့ဗျ ဆရာ "

ဆရာတို့ရုံးကလူတွေပြန်သွားမှပဲ မေပျိုလည်းဆရာ့အနားကိုထပ်ပြီးကပ်ဖို့ကြံလိုက်သည်

ဆရာ့ဆီသွားမလို့ပဲရှိသေး ဘဲလ်မြည်သံကြားလို့ မေပျိုလည်းတံခါးသွားဖွင့်လိုက်တော့ လွန်းလေးကိုတွေ့လိုက်ရလို့ အံံ့သြသွားမိသည်

" မမ လွန်းဒီမှာခဏလောက်နေလို့ရမလား "

" ဟမ် အင်းအင်း ရတယ်လွန်းလေး "

တံခါးပြန်ပိတ်ပြီးမှ မေပျိုလည်းဆရာ့ဆီသွားကာ လွန်းလေးက ဘေးအခန်းက ကလေးမလေးဖြစ်ကြောင်း ပြောပြရသည်

" breakfast စားပြီးပြီလား သမီး "

ဆရာက ကလေးမလေးကို အနူးညံ့ဆုံးအကြည့်များနဲ့ကြည့်ပြီး မဆိုသလောက်လေးပြုံးပြီးမေးလိုက်တာမို့ မေပျို့မှာ ဆရာ့ရဲ့ပုံစံအသစ်ကို မေ့မေ့မောမောနှင့်ပင် ရပ်ပြီးကြည့်နေမိသည်

Mysterious Love (Ongoing) Where stories live. Discover now