အပိုင်း (၇)

2.1K 70 9
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 7
~~~~~~
မေပျိုကတော့ ဒီနေ့တစ်ခြားရုံးကိုသွားပြီး training သွားဆင်းရမှာမို့ ရင်တုန်လို့နေ၏

သူမတို့ရုံးကနေပဲ ဆရာကလိုက်ပို့မှာမို့ မေပျို့မှာရုံးရောက်ကတည်းက တစ်ခြားသူတွေကိုနှုတ်ဆက်နေတာမပြီးနိုင်တော့ပေ

အခုလည်းအမနှင်းအိမ်နဲ့စကားပြောနေတုန်းရှိသေး ဆရာကသွားမယ်လို့ပြောလာတာမို့ မေပျို့မှာ အဆင်သင့်ပြင်ထားတဲ့ သူမရဲ့ laptop ရယ် ထမင်းချိုင့်အိတ်ရယ် လွယ်အိတ်ရယ်ကိုသယ်ပြီး ဆရာ့နောက်ကိုလိုက်ခဲ့လိုက်သည်

ဦးနိုင်ပါ ပါလာတဲ့အပြင် ဆရာ့ရဲ့သား ဟန်ရှင်းသန့်လည်းပါလာတာမို့ ကားပေါ်မှာတော့လူစုံတက်စုံပင်

နာရီဝက်ကျော်လောက်မောင်းပြီးတဲ့နောက်မှာတော့ ထိုရုံးသို့ရောက်လာတော့၏

ကားပေါ်ကဆင်းဆင်းချင်း မြင်လိုက်ရတဲ့ရုံးကြောင့် တအံ့တသြပင်ဖြစ်သွားရလောက်အောင် ရုံးက အထပ်မြင့်တွေနဲ့ အဆင့်လည်းမြင့်သည်

ဆရာရုံးထဲကိုဝင်လိုက်တာနဲ့ လာကြိုတဲ့သူတွေရှိတာမို့ သူမတို့ကိုတစ်ချို့ဝန်ထမ်းတွေက လှည့်ကြည့်လှည့်ကြည့်နှင့်

" ဒေါက်တာထိုင်ပါဗျ "

ဟိုဘက်က မန်နေးဂျင်းဒါရိုက်တာကပြောလာတာမို့ သူတို့တွေလည်းအသီးသီးဝင်ထိုင်လိုက်ကြသည်

" ဆရာစိုင်းစိုင်းနဲ့ ကောင်းမြတ်သူကိုလွှတ်လိုက်ပါ "

ထိုလူကြီးကဖုန်းတစ်ချက်ဆက်လိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်ကာ ဆရာနဲ့ဦးနိုင်တို့နဲ့စကားလက်ဆုံကျနေပြီး တစ်ချက်တစ်ချက်လည်း သူမကိုပါမေးခွန်းလေးတွေမေးသေးသည်

" ကျွီ "

တံခါးဖွင့်သံကြားလို့လှည့်ကြည့်လိုက်တော့  သူမရဲ့ဆရာကိုမြင်လိုက်ရတာမို့ အံ့သြသွားတော့သည်

ဆရာလည်းသူမလိုပဲဖြစ်မယ်ထင်ပါရဲ့ ဆရာ့ရဲ့မျက်လုံးမှာ အံ့သြမှုတွေကိုမြင်နေရသည်

" ထိုင်ပါ ဆရာစိုင်းစိုင်း နဲ့ မောင်ကောင်းမြတ် "

" ဟုတ်ကဲ့ဗျ MD "

Mysterious Love (Ongoing) Where stories live. Discover now