အပိုင်း (၁၃)

2.8K 125 60
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 13
~~~~~~~
" ကျွန်တော်အပြန်ကျတစ်ယောက်ယောက်ကိုလာကြိိုခိုင်းလိုက်မယ် ခင် "

" ဟင် သူရိန်ကစောင့်မနေပေးတော့ဘူးလား "

" အင်း ကျွန်တော်လုပ်စရာလေးရှိလို့သွားတော့မယ် "

ပိုးဝတီခင်ကိုပြောပြီးတယ်ဆိုရင်ပဲ သူရိန်လည်းလှည့်ထွက်လာခဲ့လိုက်သည်

ဒီချိန်လောက်ဆိုမေပျိုငယ် ကွန်ဒိုကိုတော့ပြန်ရောက်လောက်ပါပြီ

ပေတေပြီးဆေးခန်းသွားမပြဘဲနေမှာစိုးလို့ သူရိန့်မှာစိတ်ပူပူနဲ့ကွန်ဒိုရှိရာဆီကိုလာလိုက်တော့ စုဝေးနေတဲ့လူအုပ်ကြီးကြောင့် ကားပါကင်ဆီကိုတောင်သွားလို့မရတာမို့ သူရိန်လည်းကားကိုအဆင်ပြေတဲ့နေရာမှာရပ်ထားလိုက်ပြီး လမ်းလျှောက်ပြီးပဲလာလိုက်တော့သည်

" ဟာ မိန်းကလေးနှစ်ယောက်တောင်ကွ အသည်းယားလိုက်တာကွာ "

" အပေါ်ကိုဘယ်သူတွေသွားကြပြီလဲ "

လူတစ်ယောက်ကထမေးလိုက်တော့ အနီးတစ်ဝိုက်မှာရှိကြတဲ့လူတွေကလည်းမသိစွာ ခေါင်းခါပြကြသည်

သူရိန်လည်းအောက်မှာ မွေ့ရာတွေ စောင်တွေခင်းထားတာမို့ ၁၀လွှာအပေါ်ထပ်ကိုမော့ကြည့်လိုက်တော့ တွဲလောင်းဖြစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့ ထိုကောင်မလေးကိုလက်ဆွဲထားတဲ့လူကိုပါတွေ့လိုက်ရသည်

"'' ဟင် လွန်းလေးပါလား ''''

သူရိန်ကတော့အခုတစ်ခါမှာအတော်လေးကိုအံ့သြသွားရပြီး သူ့ရဲ့အခန်းကိုအမြန်သွားကြည့်လိုက်တော့ မေပျိုငယ်ရဲ့ပစ္စည်းတွေအကုန်လုံးက ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေပြီး တံခါးကလည်းခပ်ဟဟဖြစ်နေတာမို့ သူရိန့်မှာစိုးရိမ်စိတ်တွေနဲ့ ဓာတ်လှေကားဆီအမြန်သွားကာ ခေါင်မိုးထပ်ကိုတက်လာခဲ့လိုက်တော့သည်

ဒီနေ့မှဓာတ်လှေကားကပိုပြီးတော့တောင်ကြာနေသလို သူရိန့်မှာ ကလေးနှစ်ယောက်အတွက် စိုးရိမ်စိတ်တွေကမြင့်တက်လို့နေတော့၏

ဓာတ်လှေကားတံခါးပွင့်ပွင့်ချင်း ခေါင်မိုးထပ်ဆီကိုတက်သွားကာ မြင်နေရပြီဖြစ်တဲ့နောက်ကျောလေးဆီကို အားသွန်ခွန်စိုက်ပြေးသွားလိုက်ပြီး လွန်းလေးရဲ့လက်ကိုအလျင်အမြန်ပဲဖမ်းဆွဲလိုက်တော့သည်

Mysterious Love (Ongoing) Where stories live. Discover now