အပိုင်း (၁၀)

3.2K 119 33
                                    

" Mysterious Love "
~~~~~~~~~~~~~~~~
Part - 10
~~~~~~~
" ဆရာ ထမင်းချိုင့်ထည့်မှာလား "

" အင်း "

" ဒါဆို မေပျိုထည့်လိုက်မယ်နော် "

" ကောင်းပြီ "

သူရိန်ကတော့ အခန်းထဲမှာအဝတ်အစားလဲရင်းနှင့်ပင် မေပျိုငယ်မေးတာတွေကိုဖြေနေရသည်

ဒီနေ့က နှစ်ယောက်အတူတူရုံးသွားကြရမယ့်နေ့မို့လို့ မနက်ကတည်းကပင်နှစ်ယောက်လုံးအလုပ်ရှုပ်နေကြသည်

မေပျိုငယ်ကတော့ အကုန်ပြင်ဆင်ပြီးတာနဲ့ kitchen ထဲဝင်ပြီး ထမင်းချိုင့်ပြင်နေတာမို့ သူရိန်လည်းပစ္စည်းတွေပြန်စစ်နေလိုက်သည်

" ဆရာနဲ့မေပျို ရုံးကိုအတူတူလာတာသိရင် ရုံးကလူတွေဘာပြောကြမလဲမသိဘူးနော် "

" မင်းက ဘာပြောစေချင်လို့လဲ "

" ဘာမှမပြောစေချင်ပါဘူး မေပျိုကတော့သူတို့လာမေးရင် ဆရာက မေပျို့ယောက်ျားပါဆိုပြီးပြန်ပြောလိုက်မှာ "

" ကောင်းပြီ မင်းသဘောပဲ "

ဆရာကမတားမြစ်တာမို့ မေပျိုလည်းပျော်သွားပြီး ကားမောင်းနေတဲ့ဆရာ့ရဲ့လက်တစ်ဖက်အပေါ်ကို သူမရဲ့လက်ကိုတင်ပြီး ဆရာ့ရဲ့လက်ကိုဆုပ်ကိုင်ထားလိုက်သည်

" ကျွန်တော်ကားမောင်းနေတယ် မေပျိုငယ် "

" မေပျိုမြင်သားပဲဆရာရဲ့ "

" မြင်ရင်လက်ကိုလွှတ်လိုက် "

" မလွှတ်ချင်ပါဘူးနော် "

" ကားမောင်းတာအန္တာရာယ်ဖြစ်မှာစိုးလို့ပြောနေတာ "

" ဆရာကလည်း ဘာမှန်းလည်းမသိဘူး ဇာတ်ကားတွေ စာအုပ်တွေထဲမှာဆို ကားမောင်းနေရင်း သူတို့ကောင်မလေးလက်ကိုကိုင်ထားနေကြ "

" အဲ့ဒါ ဇာတ်ကားနဲ့စာအုပ်တွေထဲက ဒါကလက်တွေ့အခြေအနေ အန္တရာယ်မရှိနိုင်ဘူးလို့မပြောနိုင်ဘူး "

" ဟွန့် မကိုင်တော့ဘူး ရပြီလား "

သူဆူတောင်မဆူရသေး စိတ်ဆိုးသွားပြီဖြစ်တဲ့မေပျိုငယ်ကြောင့် သူရိန်လည်းခေါင်းသာရမ်းလိုက်မိသည်

Mysterious Love (Ongoing) Where stories live. Discover now