အပိုင်း (၈)

1.6K 74 32
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 8
~~~~~~
" မင်္ဂလာပါ ဆရာ "

" မင်္ဂလာပါဗျ ဆရာ့ကိုဒီမှာတွေ့ရမယ်လို့ မထင်ထားမိဘူး "

" နေပြည်တော်က အသိတစ်ယောက်ဆီလာတာ ဒါနဲ့ဆရာကရော "

" အလုပ်အတွက်ရောက်လာတာပါ ဆရာ "

" အေးအေး ကောင်းတယ်..... အားရင်တစ်ရက်လောက်ရုံးကိုလာခဲ့ဦးပေါ့ "

" ကျွန်တော်ရန်ကုန်ပြန်ရောက်ရင် အချိန်ပေးပြီးလာခဲ့ပါ့မယ် "

" ကောင်းပြီ ဒါဆိုခွင့်ပြုပါဦး ဆရာ "

" ဟုတ်ကဲ့ပါဗျ "

သူရိန်လည်း မေပျို့ရဲ့သူဌေးဖြစ်သူ ဆရာဦးစိုးသူနဲ့မထင်မှတ်ဘဲတွေ့ပြီး နှုတ်ဆက်ပြီးခါမှ ရုံးထဲသို့ဝင်ခဲ့လိုက်သည်

သူနဲ့အတူ ရုံးကကောင်လေးတစ်ယောက်ပါ ပါလာလေသည်

" ဆရာစိုင်း presentation က တစ်ရက်ပဲတင်ပြရတာလား "

" ဟုတ်တယ် ညီထွဠ်..... မနက်ဖြန်တော့ လူကြီးတွေကိုနေ့လည်စာလိုက်ကျွေးပြီးရင် ပြန်လို့ရပြီ "

" အဲ့လိုလည်းကျွေးရသေးတာပေါ့နော် "

" ဒီလိုပဲပေါ့ကွ "

သူရိန်တို့လည်း Presentation တင်ပြရမယ့်အခန်းထဲကိုကြိုရောက်နေရပြီး setting တွေနေရာတကျချပြီး မိနစ်အနည်းငယ်အကြာမှာ လူကြီးတွေရောက်လာကြတာမို့ ပထမဦးဆုံးအနေနဲ့ သူ့ကိုယ်သူမိတ်ဆက်လိုက်ပြီး လုပ်ငန်းသဘောတရားများကိုရှင်းပြလိုက်သည်

လူကြီးတွေဘက်ကလည်း သိချင်တာရှိရင်ထပြီးမေးနေတာမို့ အစည်းအဝေးက ၃နာရီကြာမှပဲ အဆုံးသတ်သွားတော့၏

" အန်ကယ်တို့ကတော့ သဘောကျတယ်သူရိန် "

" ဟုတ်ကဲ့ပါဗျ ဒီလိုဆိုခွင့်ပြုမိန့်ရရင် စာရွက်လာယူဖို့လူလွှတ်ပေးလိုက်ပါ့မယ် "

" ကောင်းပြီ.... ဒါနဲ့ သူရိန့်ရဲ့ ဇနီးငယ်ငယ်လေးနဲ့ရော အဆင်ပြေကြရဲ့လား "

ထိုအန်ကယ်က သူတို့အကြောင်းကိုသိထားပြီးသားဖြစ်တာမို့ အခုလိုမေးလာတဲ့အချိန်မှာတော့ သူရိန်လည်း အဆင်ပြေကြောင်းပြောရသည်

Mysterious Love (Ongoing) Where stories live. Discover now