အပိုင်း (၆)

1.4K 56 10
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 6
~~~~~~
" ဆရာစိုင်း ဒီနေ့ online class တစ်ခုရှိတယ်မလား "

" ရှိတယ်ငါ့ညီ ၉နာရီစမှာ "

" ဟုတ်ကဲ့ဗျ ဒါဆိုကျွန်တော်ပြီးမှပဲတစ်ခေါက်ထပ်လာတော့မယ် "

" အိုခေညီ တစ်ခုခုသိချင်ရင်တော့ အကို့စားပွဲပေါ်မှာ စာရွက်စာတမ်းမိတ္တူတွေရှိတယ် အဲ့ထဲကညီလိုအပ်တာတွေယူသွားလို့ရတယ် "

" ကျေးဇူးပါဗျ ဆရာစိုင်း "

သူရိန်လည်း zoom class က နီးကပ်နေပြီမို့ တစ်ဖက်က သင်တန်းကိုဖွင့်တဲ့အစည်းအရုံးနဲ့ချိတ်ဆက်ပြီးမှသာ zoom ထဲကိုဝင်လိုက်တော့သည်

စာရင်းပေးထားတဲ့လူအရေအတွက်က ၂၀လောက်ရှိပေမယ့် အခုချိန်မှာတွေ့ရတဲ့လူကနည်းနည်းပဲရှိသေးတာမို့ တစ်ခြားလူတွေကိုထပ်ပြီးစောင့်နေရင်း ရှိနေတဲ့လူတွေနဲ့မိတ်ဆက်နေလိုက်သည်

" Loan Officer Class ရဲ့ Session 1 ကတော့ Introduction ဖြစ်လို့ ဒီမှာရှိတဲ့တစ်ယောက်ချင်းစီက ကိုယ့်ရဲ့အဖွဲ့နာမည်ရယ်၊ ကိုယ့်ရဲ့နာမည်ရယ်၊ Microfinance မှာလုပ်ကိုင်နေတဲ့ရာထူးရယ်နဲ့ ကိုယ်ဝါသနာပါတဲ့အရာတွေကိုမိတ်ဆက်ပေးပါဗျ ပထမဆုံးအနေနဲ့ ကျွန်တော်ကနေပဲစတင်မိတ်ဆက်ပေးပါ့မယ် "

" ကျွန်တော့်နာမည်က စိုင်းသူရိန်မင်းပါ
ကျွန်တော့်ရဲ့အဖွဲ့အစည်းအမည်ကတော့ CH Capital Co.,Ltd ဖြစ်ပါတယ်ဗျ
ကျွန်တော်ဝါသနာပါတဲ့အရာကတော့ စာဖတ်တာပါ

ကဲ ကျွန်တော့်ဘက်ကမိတ်ဆက်ပြီးပြီဆိုတော့ ဆရာတို့ ဆရာမတို့တွေလည်း မိတ်ဆက်ပေးကြပါဦး "

တစ်ဖက်မှာတော့ မေပျိုငယ်က ဒီနေ့အလုပ်လာတာ ၉နာရီထိုးခါနီးမှရောက်တာမို့ အံ့ထူးလွင်ကို laptop နဲ့ zoom class ချိတ်ပေးနေရတာ သင်တန်းချိန်တောင်အနည်းငယ်စွန်းနေလေပြီ

၉နာရီ ၁၀မိနစ်မှ zoom ထဲဝင်လို့ရသွားပြီး တစ်ယောက်ချင်းစီမိတ်ဆက်နေတဲ့အသံကိုကြားလိုက်ရသည်

သူမအကုန်လုံးပြီးစီးသွားမှသာ screen ကိုဖွင့်လိုက်တော့ သူမရဲ့ဆရာကိုမြင်လိုက်ရလို့ အံ့သြသွားမိသည်

ပြီးမှအံ့သြနေတဲ့စိတ်ကိုထိန်းပြီး အံ့ထူးလွင်ရှေ့ကို laptop ချပေးခဲ့ပြီး မေပျိုကတော့ တစ်ခြားအလုပ်လုပ်ဖို့ထွက်လာခဲ့လိုက်သည်

Mysterious Love (Ongoing) Where stories live. Discover now