အပိုင်း (၃)

2K 71 17
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 3
~~~~~~
" ကဲ ဒီလိုဆို ကျွန်တော်နဲ့ တစ်ခါတည်းလိုက်ခဲ့လိုက်တော့ "

" ဟုတ် "

သူရိန့်မှာတော့ စိတ်ဆိုးနေဟန်ရှိတဲ့ မိန်းကလေးရဲ့အဖေကြောင့် တစ်ခါတည်းသာသူ့ကွန်ဒိုကိုခေါ်ခဲ့လိုက်သည်

သူ့ကိုလည်းပြောသွားသေးသည် သူ့သမီး ၂၅ နှစ်ပြည့်တဲ့အချိန်ကျ မိသားဖသားပီပီလာတောင်းရမ်းပါတဲ့  

ငယ်ငယ်ရွယ်ရွယ်နဲ့ ထိမ်းမြားလိုက်ရင် သိက္ခာကျလို့ဆို၍ ပြောပြီးတာနဲ့ထွက်သွားလေသည်

သမီးဖြစ်သူကိုလည်း ဘာစကားမှတောင်မပြောသွားခဲ့ပေ

မိန်းကလေးအလုပ်လုပ်နေတဲ့ကုမ္ပဏီက သူဌေးဖြစ်သူကတော့ ကိုယ့်ကိုပြေပြေလည်လည်နဲ့ပဲ စကားတွေအများကြီးပြောသွားခဲ့သည်

" ဝါး.....ဆရာ့ကွန်ဒိုက ကိုရီးယားဇာတ်ကားတွေထဲကလိုပဲ အရမ်းမိုက်တာပဲ "

မေပျိုငယ်ကတော့ အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ အိမ်ရဲ့အပြင်အဆင်ကြောင့် ငေးမောမိသွားသည်

" မင်းရဲ့ပစ္စည်းတွေကရော ဘယ်လိုလုပ်မှာလဲ "

" ညနေကျရောက်မယ်ထင်တယ်ဆရာ မေပျို့အမက delivery အပ်ပေးထားတယ် "

" အင်း ဟုတ်ပြီ......  အခုရေချိူးချင်လား "

" ဟုတ် "

" ကျွန်တော့်နောက်လိုက်ခဲ့ "

ဆရာကပြတ်ပြတ်သားသားပြောပြီးအရှေ့ကနေထွက်သွားတာမို့ မေပျိုလည်း မျက်စောင်းထိုးလိုက်မိသည်

" ဘယ်လိုလူမှန်းမသိဘူး ညင်သာမယ်မရှိဘူး ဟွန့် "

တစ်ယောက်တည်းတီးတိုးသာပြောပြီး မေပျို့မှာ ဆရာ့နောက်ကိုလိုက်သွားလိုက်သည်

" ဒီမှာတော့အခန်းကနှစ်ခန်းပဲရှိတယ် တစ်ခန်းက ကျွန်တော့်ရဲ့အိပ်ခန်း၊ နောက်တစ်ခန်းက ကျွန်တော့်ရဲ့ စာဖတ်ခန်း ဒါ​ကြောင့် မင်း ကျွန်တော်နဲ့ပဲ တစ်ခန်းတည်းအတူတူသုံးရမယ် "

"'' ဟွန့် စာချုပ်မှာတောင်လက်မှတ်ထိုးပြီးပြီပဲ တစ်ခန်းတည်းအတူတူနေရမှာပေါ့ "''

Mysterious Love (Ongoing) Where stories live. Discover now