အပိုင်း (၅)

1.7K 78 20
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 5
~~~~~~
" ဆရာရယ် bus ကားစီးရတာ မသက်သာလိုက်တာ "

" ဘာလို့လဲ "

" အသွားရောအပြန်ရော ကားကတစ်အားကြပ်တာပဲ လူလည်းပင်ပန်း၊ ပစ္စည်းတွေကိုလည်းထိန်းသိမ်းရ၊ ကားကြပ်တဲ့ကြားထဲကကို မှတ်တိုင်ကိုလည်းကြည့်ရနဲ့ အဆင်မပြေပါဘူးဆရာရယ် "

" နောက်နေ့တွေ အိမ်ကနေစောစောထွက်ပြီး ညနေကျ နာရီဝက်လောက်စောပြီးပြန် "

" စောပြီးသွားမယ်ဆိုရင် အိပ်ယာစောစောထရမှာပေါ့ ဆရာရဲ့ ပြီးတော့ရုံးကနေ နာရီဝက်စောပြီးပြန်ရင်လည်း လစာကဖြတ်ခံရဦးမယ် "

" ဒါဆိုလည်းဖြတ်ခံလိုက်ပေါ့ "

" ဟွန့် ပြောတာကတော့လွယ်လိုက်တာ ..... လစာဖြတ်ခံရရင်မမိုက်ဘူးဆရာရ "

" မင်းရုံးက ၅နာရီဆင်းတာမလား "

" ဟုတ် "

" ကျွန်တော်အားရင်လာကြိုပေးမယ် မအားရင်တော့ taxi ဖြစ်ဖြစ်ငှားလာလိုက်ပေါ့ "

" တကယ်ကြီးလာကြိုပေးမှာလား ဆရာ "

" အင်း အားတဲ့ရက်တွေပါပဲ "

" ဒါဆိုလည်း နေ့တိုင်းအားလိုက်နော်ဆရာ .... မေပျို ရေချိုးတော့မယ်နော် "

သူရိန်ကတော့ သူ့ကိုပြောပြီးတာနဲ့ အခန်းထဲကိုပြေးဝင်သွားတဲ့ မေပျိုငယ်ကြောင့် ခေါင်းရမ်းလိုက်မိသည်

မေပျိုကတော့ ဆရာ့ကိုပြောပြီးတယ်ဆိုရင်ပဲ အခန်းထဲကိုဝင်လိုက်ပြီး ရေချိုးဖို့ပြင်လိုက်သည်

စိတ်ထဲမှာတော့ ဆရာကလာကြိုပေးမယ်ဆိုတာကြောင့် ဝမ်းသာနေလျက်

သူမရေချိုးလို့ပြီးတော့ ဆရာကစာကြည့်ခန်းထဲဝင်သွားဟန်တူသည် ဧည့်ခန်းထဲမှာမတွေ့ရပေ

မီးဖိုချောင်ထဲဝင်ကြည့်လိုက်တော့ တုန်ယမ်းဟင်းချိုနဲ့ ပုစွန်ချက်ထားတာတွေ့လေသည်

" အင်း.....ဆရာဝယ်လာတာထင်တယ်....ဝယ်လာတော့လည်းကောင်းတာပေါ့လေ ငါသက်သာတာပေါ့ "

အချိန်အားဖြင့် ၆နာရီပဲရှိသေးတာမို့ တစ်ခုခုစားချင်လာတာနဲ့ တစ်ဖက်လမ်းက street food တွေရှိရာဆီသွားဖို့ပြင်ဆင်လိုက်သည်

Mysterious Love (Ongoing) Where stories live. Discover now