အပိုင်း (၄)

1.7K 73 12
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 4
~~~~~~
ညအိပ်ချိန်ရောက်တော့လည်း ပြသနာထပ်ရှာပြန်သည်

အိပ်ရာပေါ်က ခေါင်းအုံးရယ် စောင်ရယ် ဖက်လုံးရယ်ကိုယူပြီး အိပ်ခန်းထဲက ဆိုဖာမှာနေရာချထားပြီး သူမကဖုန်းကြည့်နေလေသည်

" ဒီမှာ စောင်ကတထည်ပဲရှိတာ ပြန်လာထားချေ "

" ရော့.....အဲ့လောက်ဖြစ်ပျက်နေတာ မယူဘူး "

စိတ်ဆိုးမာန်ဆိုးနဲ့စောင်ကိုပြန်လာပေးသွားပြီးတော့ သူ့ဗီဒိုထဲကနေ အနွေးထည်အထူကြီးကိုယူပြီး စောင်အဖြစ်ခြုံထားလေ၏

ဒီအရွယ်တွေက ဒီလိုတွေရှိတာသိပေမယ့်လည်း လက်တွေ့ကြုံနေရတော့ သူ့မှာစိတ်ညစ်နေရသည်

ကလန်ကဆန်လုပ်တတ်သည်၊ အရွဲ့တိုက်တတ်သည်၊ ကဂျီကဂျောင်လည်းကျသည်၊ တပတ်အတွင်းမှာဒါတွေကြုံနေရပေမယ့် နောက်ဆိုရင်ဘာတွေကြုံရဦးမလဲတွေးပြီး သက်ပြင်းရှည်ကြီးချလိုက်မိသည်

ည ၁၂ နာရီထိ မေပျို့မှာအခန်းကအေးလွန်းလို့ အိပ်လို့တောင်မရပေ

ဒီကြားထဲ မိုးကလည်းရွာနေသေးတာမို့ အအေးဓာတ်က အရင်ကထက်လွန်ကဲနေသည်

" ကျစ် "

မနေနိုင်တဲ့အဆုံးမှာတော့ ခေါင်းအုံးနဲ့ဖက်လုံးကိုပြန်ယူပြီး ကုတင်ပေါ်ကိုပြန်သွားရသည်

သူမတက်လာလို့ထင်ပါရဲ့ ကုတင်ကအနည်းငယ်လှုပ်သွားပြီး ဆရာလည်းနိုးလာသည်

" လာချင်လို့လာတာမဟုတ်ဘူး စောင်မရှိတော့အရမ်းအေးလို့ပြန်လာတာ "

" အိုခေ "

ထို့နောက်မေပျိုလည်း စောင်ထဲကိုဝင်လိုက်ပြီး ဆရာ့ရဲ့ရင်ခွင်ထဲကိုပါတစ်ခါတည်းဝင်လိုက်သည်

သူငယ်ချင်းတွေက နင့်ဆရာစိတ်ဆိုးနေရင် သူ့ရင်ခွင်ထဲဝင်ပြီးအိပ်လိုက် စိတ်ဆိုးပြေသွားလိမ့်မယ်ဆိုလို့ မေပျို့မှာရှက်ရှက်နဲ့ပဲ ဆရာ့ရင်ခွင်ကိုမျက်နှာအပ်ပြီး လက်နှစ်ဖက်ကလည်းဆရာ့ရဲ့အကျီစကိုကိုင်ထားပြီး ငြိမ်နေလိုက်သည်

သူရိန့်ခမျာမှာတော့ ထိုအပြုအမူကြောင့် ရုတ်တရက်ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားရသည်

Mysterious Love (Ongoing) Where stories live. Discover now