အပိုင်း (၁၁)

2.9K 120 35
                                    

Mysterious Love
~~~~~~~~~~~~~~~
Part - 11
~~~~~~~
"'' အား ကိုက်ခဲနေတော့တာပဲ ''''

မနက်အိပ်ရာနိုးနိုးချင်း ခံစားလိုက်ရတဲ့ခံစားချက်က မသက်မသာဖြစ်နေတာမို့ toilet ထဲဝင်ကြည့်မှ Period day ဖြစ်နေမှန်းသိရသည်

'''' ကျစ် ဒုက္ခပဲ pad တွေက တစ်ခုမှမကျန်တော့ဘူး ''''

မနက် ၅နာရီခွဲပင်ရှိသေးသည်မို့ ဒီအချိန်အပြင်ထွက်ဝယ်ရင်တောင် ဆိုင်တွေကဖွင့်မဖွင့်မကျိန်းသေပေ

အမသက်နှင်းဆီကိုသွားပြီး အကူအညီတောင်းရအောင်ကလည်း စောသေးတော့အားနာပြန်သည်

ခုတင်ပေါ်ကိုကြည့်လိုက်တော့ ဆရာကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမို့ သူမဘာသာပဲသွားဝယ်ဖို့လုပ်လိုက်တော့သည်

ဘောင်းဘီကို နှစ်ထပ်လောက်ဝတ်ထားတာမို့ မပေဖို့တော့မျှော်လင့်ရသည်

ကံကောင်းစွာနဲ့ပဲ ကွန်ဒိုရှေ့က g&g ကဖွင့်ထားတာမို့ မေပျိုလည်းပျော်သွားရကာ အလျင်အမြန်ပင် ၃ထုတ်လောက်ဝယ်ပြီး ပြန်လာခဲ့လိုက်သည်

" မင်း ဘယ်တွေသွားနေတာလဲ "

" ဝယ်စရာရှိလို့သွားဝယ်နေတာ ဆရာ "

အထုတ်အမည်းနဲ့ထုတ်ထားတာမို့ သူရိန်လည်းရိပ်မိလိုက်ပြီး ဘာမှမမေးတော့ဘဲထားလိုက်တော့သည်

တစ်ကယ်ဆိုတစ်နေရာရာသွားမယ်ဆို သူ့ကိုခွင့်တောင်းသင့်တယ်မလား

မတော်တဆသူမလေးတစ်ခုခုဖြစ်သွားခဲ့ရင် သူကဘယ်မှာလိုက်ရှာလို့ ရှာရမှန်းသိမှာမဟုတ်ပေ

သူရိန်ကတော့ မေပျိုငယ်ရေချိုးခန်းသုံးနေတုန်း မနက်စာအတွက်ရော ထမင်းချိုင့်အတွက်ပါ ပြင်ဆင်နေလိုက်သည်

ထမင်းချိုင့်အတွက်ကတော့ ပုစွန်ကို တန်ပူရာမှုန့်နဲ့ကြော်ထားတာကတစ်ခွက်၊ မုန်ညင်းရွက်ကို sausage နဲ့ရောကြော်ထားတာကတစ်ခွက် ထည့်ပေးလိုက်သည်

breakfast အတွက်ကိုတော့ ပေါင်မုန့်အသားညှပ်နဲ့ နွားနို့သာပြင်ဆင်လိုက်သည်

" ဆရာ ရေချိုးခန်းသုံးလို့ရပြီနော် "

အခန်းထဲကနေအကုန်ပြင်ဆင်ပြီးမှမေပျိုငယ်ကထွက်လာပြီး သူ့ကိုပြောလာတာမို့ သူရိန်လည်း ရေချိုးခန်းဝင်ဖို့လုပ်ရသည်

Mysterious Love (Ongoing) Where stories live. Discover now