Part-18 (The End)

3.1K 87 12
                                    

( ဇာတ်လမ်းထဲတွင် ပါဝင်သော နေရာဌာနမှ ရာထူးကြီးပုဂ္ဂိုလ်များသည် စိတ်ကူးယဉ်ဇာတ်ကောင်များသာ ဖြစ်၍ မည်သူတစ်ဦးတစ်ယောက်ကို မှ ထိခိုက်လိုခြင်း အလျဉ်းမရှိပါ)

စနေနေ့ ကျောင်းပိတ်ရက်တစ်ခုတွင်

ဒီပါလေးနှင့် တိမ်လွှာလေးတို့က ခြံထဲတွင် ကစားလျက်ရှိကြသည်။ လွင်ကတော့ ကိုယ်ဝန်ရင့်လာသဖြင့် အိမ်မှာသာ အနားယူနေလေသည်။

ဩဂတ်စ်ကတော့ ဝန်ကြီးတစ်ယောက်၏ လာဘ်ပေးလာဘ်ယူမှုနှင့် ကာမလိမ်လည်မှုတို့ကို ဖော်ထုတ်နိုင်သဖြင့် အလုပ်ပိုများလာသလို တစ်ဖက်ကနေ ရန်သူလည်းပိုများလာခဲ့သည်။ အထူးသဖြင့် ဘယ်သူဘယ်ဝါမှန်းမသိရသော The Sun ဂိုဏ်းခေါင်းဆောင်နှင့် ပက်သက်၍ အငြိုးထားခံရသည်။

ဟိုတစ်ခေါက်ပြင်ဦးလွင်သို့ ဩဂတ်စ်တို့ ကားဖြင့်သွားစဉ်က သေနတ်ဖြင့် ချောင်းပစ်ခံရသည်။ ဩဂတ်စ်တစ်ယောက်တည်း ရန်ကုန်သို့သွားသောအခါ တည်သော ဟိုတယ် မီးလောင်သည်။ The Sun က သူဘာလုပ်လုပ် တောက်လျှောက်ကြည့်နေလေသည်။

" ပါဆယ်လာပို့တာဗျ"

ခြံဝတွင် လူတစ်ယောက်က maskတပ်လျက် ရပ်နေသည်။ လုံခြုံရေးက သွားဖွင့်၍ ယူမည်ဆိုသော်လည်း ဒီပါလေးက လှမ်းယူလိုက်သည်။

" ရတယ် မာမား ကို သား သွားပေးလိုက်မယ် သားက လူကြီးဖြစ်နေပြီ သယ်နိုင်တယ်"

၁ပေပတ်ချာလည်ဘူးလေးကို ဒီပါက သယ်လာသည်။ နောက်မှ တိမ်လွှာကလည်း ဒီပါ့ရဲ့အင်္ကျီလေးကို ဆိတ်ဆွဲကာ လိုက်လာသည်။ အိမ်ထဲမှ ထွက်လာသည့် ကိုလူမှိုင်းက ဒီပါသယ်လာသော ဘူးလေးကို စပြီးမသင်္ကာတော့ချေ။

" သားရေ.. ဦးကို ဒီဘူးလေးပြပါဦး"

" အဲဒါ မာမားဟာလေ"

" သားကလည်း သား မာမား လုံခြုံရေးအတွက် ဦးက စစ်ရမှာလေ"

" ဒါဆိုလည်း ကြည့်ဗျာ"

ဒီပါ က ဘူးကို ကိုလူမှိုင်းလက်ထဲ ထည့်ပေးခဲ့လေသည်။ ကိုလူမှိုင်းက ဖွင့်ကြည့်လိုက်သော ဗုံးတစ်လုံး၊

" သားတို့ ပြေး"

ဒီပါက သူ့ညီမလေး လက်ကို ဆွဲကာ အိမ်ထဲဝင်ပြေးတော့သည်။ စက္ကန့်နှစ်ဆယ်သာ ကျန်တော့လေသည်။ ကိုလူမှိုင်းက ဗုံးကိုသယ်ကာ ရေကူးကန်ထဲပစ်ချပြီး သူလည်း အကာရှိရာသို့ပြေးလေသည်။ သူပြေးနေစဉ် ဗုံးကပေါက်ကွဲကာ တစ်ခြံလုံး မြေငလျင်လှုပ်သလို တုန်လှုပ်သွားခဲ့သည်။ သူကိုယ်တိုင်ကတော့ လွင့်လာသည့် သစ်သားချောင်းက သူ့ကိုယ်ထဲစိုက်ကာ သွေးတို့စီးလျက်။

အချစ်ဦးWhere stories live. Discover now