ဒီနေ့ကကျောင်းပိတ်ရက်ဆိုပေမယ့် ဒါယွန်း အပြင်မထွက်ဖြစ်ပါဘူး။
ဟာရင်းနဲ့ဒိုအာတို့ သားအဖတွေကို အိမ်မှာနေ့လယ်စာစားဖို့ဖိတ်ထားတယ်လေ။
ခြံဝန်းထဲက ရေကူးကန်အနားမှာ အိမ်တော်ထိန်းနဲ့ဆောဟာ အပါဝင် အိမ်ကအလုပ်သမားအားလုံး သူမတို့ရဲ့နေ့လယ်စာအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေလေရဲ့။
"အငယ်လေး ဒီနေ့အတွက် ဝတ်ရမယ့်ဝတ်စုံ"
အစ်မငယ် ကင်မ်ဒါဟယ်က အဝတ်ထည့်ထားသည့် စက္ကူဗူးအဖြူကို ကုတင်ပေါ်တင်လာတယ်။
သူမ သိချင်တာမို့ ဗူးကိုဖွင့်ကြည့်လိုက်တော့ အပြာရောင် ဂါဝန်လေးဟာ ဒါယွန်းကို ဝတ်လှည့်ပါဆိုပြီး ပြောနေသလိုပဲ။
"တကယ်ကြီး ညီမဒီဝတ်စုံဝတ်ရမှာလား အစ်မဒါဟယ်"
ဘဝင်မကျသလိုမေးလာတဲ့ ညီမငယ်ကို ဒါဟယ် ရယ်ပြလိုက်တယ်။
"အဖေဝတ်ခိုင်းတာမို့ စိတ်တိုင်းမကျလည်း ဝတ်လိုက်နော် အစ်မ စားပွဲအတွက်ပြင်ဆင်နေတာကိုသွားကြည့်လိုက်အုံးမယ်"
အခန်းထဲက အစ်မဒါဟယ်ထွက်သွားမှ ဗူးထဲကနေ ဝတ်စုံကိုထုတ်ယူပြီး သူမခန္ဓာကိုယ်မှာ ကပ်ကြည့်ပြီး မှန်ရှေ့မှာသွားကြည့်မိတယ်။
ပင်လယ်ပြာနဲ့တူတဲ့ ဂါဝန်လေးဟာ သိမ်မွေ့နူးညံ့လှပစွာဖြင့် ဒါယွန်းမျက်နှာနဲ့ လိုက်ဖက်ညီနေလေရဲ့။
အဖေက ဒီလိုကြတော့ သူမနဲ့လိုက်ဖက်မယ့် ဝတ်စုံကိုသေချာရွေးတတ်သား။
"ဖယောင်းတိုင်တွေသေချာပြင်ဆင်ထားလား၊ဖယောင်းတိုင်ထွန်းထားမှ ဟင်းတွေက အနံ့ပိုမွှေးတာ"
"ပုဝါတွေကို ဖဲပွင့်အတွန့်ပုံစံလေးတွေခေါက်ပြီး ပန်းကန်တွေဘေးမှာ သပ်သပ်ရပ်ရပ်ချထားမယ်"
ဖန်ခွက်တွေက ပန်းကန်တွေရဲ့အထိပ်နားဘေးမှာချမယ်၊ ပန်းတွေက ကျူလစ်အဖြူတွေပြင်ဆင်မယ်နော်"
ကြယ်ငါးပွင့် Hotel ကငှားထားသည့် ဝန်ထမ်းတွေကို အသေးစိတ်လိုက်ညွှန်ပြနေတဲ့ အိမ်တော်ထိန်းကြီးကို ဒါယွန်း အခန်းကနေ လှမ်းကြည့်နေမိတယ်။
YOU ARE READING
Unconditionally love
Fanfictionချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ မရှိဘူး။ ကိုယ့်ချစ်ခြင်းတရားက မင်းအတွက်အကောင်းဆုံးတွေပဲဖန်တီးပေးချင်တာ။ ပျော်အောင်နေပါလို့ ပြောမယ့်အစား ဝမ်းနည်းနေချိန် ထွေးပွေ့ပေးထားပြီး မင်းနဲ့အတူ အဆိုးအကောင်းတွေ ဝေမျှကြမယ်။ San Dar ချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ...