Part_2

71 5 8
                                    

ဘဲ့ယွန်း မိန်းကလေးအထက်တန်းကျောင်း

ကျောင်းဝန်းရှေ့မှာချိတ်ထားတဲ့ ဆိုင်းဘုတ်ကိုကြည့်ရင်း ဒါယွန်း နှုတ်ခမ်းတစ်ချက်တွန့်ကာ မဲ့လိုက်သည်။

လူချမ်းသာ သားသမီးဖြစ်ရတာ အခုလို နာမည်ကြီးကျောင်းတွေဝင်ခွင့်ရဖို့အတွက် ဘာမှ မခက်ခဲချေ။

ကျောင်းဝန်းရှေ့မှာ ဆိုင်ကယ်ကိုရပ်ကာ ကျောင်းပတ်ဝန်းကျင်ကို လေ့လာနေတဲ့ ဒါယွန်းကို ကျောင်းသူတစ်ချို့ကလည်း စိတ်ဝင်စားစွာ ငေးကြည့်နေကြတယ်။

Kawasaki ninja  650 balck Motorcycleကိုစီးပြီး ကျောင်းကိုလာတာ ဒါယွန်း တစ်ယောက်ပဲရှိဟန်တူရဲ့။

ကျောင်းဝန်းထဲကိုရောက်တော့ ကျောင်းပင်မအဆောက်အုံရှေ့မှာ  ဆိုင်ကယ်ကိုရပ်လိုက်ပြီး ဦးထုပ်ချွတ်ကာ ဆံပင်တွေကို အနောက်ကိုသပ်တင်လိုက်သည်။

သူ‌မရဲ့ဆိုင်ကယ်ဘေးမှာ ရပ်လာတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်ပေါ်က မဆင်းသေးဘဲ အခြေနေကို ကြည့်နေလိုက်တယ်။

"ဘဲ့ဟာရင်း"

ကားပေါ်က ဆင်းလာတဲ့ ကောင်မလေးကိုမြင်တာနဲ့ ဒါယွန်း နှုတ်ဖျားက ထွက်လာတဲ့အမည်နာမ တစ်ခု။

သူမကို ပြုံးပြပြီး ကျောပိုးအိတ်လွယ်ကာ လျှောက်သွားတဲ့ ဟာရင်း နောက်ကို ကျောင်းသူအများစုရဲ့ အကြည့်တွေကပ်ပါသွားကြတယ်။

"ဝိုး...သူက တော်တော်လှတာပဲ၊ ငါတို့နဲ့အခန်းတူရင် သိပ်ကောင်းမှာပဲ"

စိတ်ကူးယဉ်နေကြတဲ့ ကျောင်းသူတွေကြောင့် ခေါင်းရမ်းလိုက်ကာ သူမတက်ရမယ့်အဆောက်အုံဘက်ကိုလျှောက်လာခဲ့သည်။

အတန်းထဲကို တံခါးတွန်းဖွင့်ဝင်လိုက်ပြီး သူမထက်အရင်ရောက်နေတဲ့ ဆောဟာဘေးမှာ ဝင်ထိုင်လိုက်သည်။

"ဟေ့..အဲ့ဒါ ငါ့နေရာလေ ခုံပေါ်က လွယ်အိတ်ကိုမမြင်ဘူးလား"

"ငါရောက်လာပြီဆိုတော့ ဒါ ငါ့နေရာပေါ့ မင်းရဲ့အိတ်ကိုယူပြီး တစ်ခြားခုံမှာသွားထိုင်လိုက်"

ခုံပေါ်က အိတ်ကိုယူကာ ကောင်မလေးဆီပစ်ပေးလိုက်သည်။

ပထမဆုံးကျောင်းတက်တဲ့နေ့မှာ အတန်းဖော်တွေကို ဖော်ဖော်ရွေရွေ စကားပြောဖို့ ဒါယွန်းမှာ အစီစဉ်မရှိဘူး။

Unconditionally love Where stories live. Discover now