Part_3

59 3 9
                                    

ကိုယ့်ဘဝကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတဲ့သူတွေကို ဒိုအာ တကယ်အားကျခဲ့ပါသည်။
ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကိုဖြစ်မြောက်ါအောင် ကြိုးစားခွင့်ရှိခြင်းဟာ ဘယ်လောက်တောင် ကံကောင်းလိုက်ပါလိမ့်။

ဆောရှင်း ဆေးရုံမျက်နှာစာမှာ သူမစက်ဘီးကို ဒေါက်ထောက်ပြီး သော့ခတ်ထားလိုက်သည်။

ဆေးရုံရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြနေသည့် အမျိုးသမီးကိုမြင်ရပြီး သူမအနီးမှာ ဆေးရုံလုံခြုံရေးဝန်ထမ်းနှစ်ဦးရှိနေပြီး လူ့သဘာဝ စပ်စုတတ်သော လူတစ်ချို့ကလည်း ကွက်ကြည့် ကွက်ကြည့်ဖြင့်။

ဒိုအာ ဆေးရုံထဲကိုဝင်လာပြီး သူနာပြုများနဲ့ ဆရာဝန်တစ်ချို့ကို ယဉ်ကျေးစွာ နှုတ်ဆက်ါကာ အဖေရှိနေသည့် ဆေးရုံအုပ် ရုံးခန်းထဲကို ဝင်လာလိုက်သည်။

"ဒိုအာ "

ဆေးကုသမှတ်တမ်းfileကိုကြည့်နေတဲ့ အဖေက ဒိုအာကိုမြင်တာနဲ့ fileကိုပိတ်ပြီး သူမနာမည်ကိုခေါ်ကာ သူ့အရှေ့က ခုံမှာညွှန်ပြလိုက်တာမို့ သူမလည်းဝင်ထိုင်လိုက်တယ်။

"ဆေးရုံရှေ့မှာ ဆန္ဒပြနေတဲ့ အဒေါ်ကြီးတစ်ယောက်ကိုတွေ့ခဲ့တယ်"

"အွန်း ဆရာဝန်တစ်ယောက်ရဲ့ ကုသမှုမှာ အမှားအနည်းငယ်ဖြစ်သွားတယ် အဲ့အတွက် အဖေတို့သေချာစစ်ဆေးနေတယ် ဒိုအာ"

းကားပြောနေရင်း အဖေက သူ့အလုပ်စားပွဲရှေ့ကိုသွားကာ ဓါတ်ပုံတစ်ချို့ ယူလာသည်။

"သမီးကျောင်းမှာ အခြေနေဘယ်လိုရှိလဲ၊အဖေပြောထားတာအားလုံး အဆင်ပြေပြေလုပ်နိုင်ရဲ့လား ဒိုအာ"

"ကင်မ်ဒါယွန်းနဲ့က သူငယ်ချင်းဖြစ်နေပါပြီ သူ့ကိုစောင့်ကြည့်ဖို့က ဂူဆောဟာ နဲ့ ရင်းနီးအောင်ပေါင်းထားရင် ရပြီ ဟာရင်းနဲ့သူမလည်း သူငယ်ချင်းဖြစ်နေပြီ"

အဖေက ဓါတ်ပုံတွေကို သူမလက်ထဲထည့်ပေးလာတာမို့ ဒိုအာယူကြည့်လိုက်ပါတယ်။

အသက်6နှစ်ကျော်အရွယ် ကောင်လေးနဲ့အမျိုးသမီးတစ်ဦးတို့ ပန်းခြံထဲမှာ ရိုက်ထားသည့် ဓါတ်ပုံတွေ။

"ကင်မ်ဂျန်ယောင်း သူ့ရဲ့လောဘနဲ့ဆို ဘဲ့ယွန်းလုပ်ငန်းစုက အကျိုးမြတ်ပိုရဖို့ ဟာရင်း နဲ့ သူ့သမီးကို ရင်းနီးအောင်လုပ်ခိုင်းမှာပဲ"

Unconditionally love Where stories live. Discover now