Part_11

75 6 3
                                    

မနက်လေးနာရီတည်းကစတင် လေ့ကျင့်မှုဟာ မနက်ခုနှစ်နာရီဝန်းကျင်မှ လေ့ကျင့်လို့ပြီးသွားခဲ့သည်။

သူမတို့အားလုံးရဲ့ ခန္ဓာကိုယ်ပေါ်က ချွေးစက်တွေဟာ ရေချိုးထားသကဲ့သို ရွှဲနစ်နေကြပေမယ့် ပင်ပန်းတယ်လို့ မခံစားရဘဲ စိတ်ကျေနပ်ပျော်ရွှင်မှုကို ရရှိစေတယ်။

"ယယ်ရင်း မနက်စာအတူသွားစားကြမလို့ လိုက်မလား"

အဖွဲ့ထဲကစီနီယာအစ်မရဲ့ မေးခွန်းကို ယယ်ရင်း အားနာစွာပြုံးပြရင်း ခေါင်းယမ်းကာ ငြင်းလိုက်တယ်။

"ညီမကျောင်းသွားရအုံးမှာမို့ မလိုက်တော့ဘူးနော် စီနီယာ "

"ယယ်ရင်း ကျောင်းမှာကောင်မလေးရှိနေပြီလား ဘဲ့ယွန်းအထက်တန်းကျောင်းတက်ကတည်းက ကျောင်းမှန်နေလိုက်တာ"

အလယ်တန်းကျောင်းသူဘဝတုန်းက Idol ထရိန်နင်ကျောင်းသူမို့ ယယ်ရင်း စာမေးပွဲဖြေရမယ့်ရက်တွေနဲ့ အရေးကြီးတဲ့စာသင်ချိန်တွေရှိမှသာ ကျောင်းသွားတက်နေကြမို့ စီနီယာတွေအခုလိုမေးနေတာ သိပ်တော့မထူးဆန်းလှ။

"အခုထိတော့ ညီမရဲ့ ကောင်မလေးမဖြစ်သေးဘူး သူနဲ့တွဲဖြစ်တော့မှ အစ်မတို့ကိုမိတ်ဆက်ပေးပါ့မယ် အခုတော့ ညီမကျောင်းသွားတော့မယ်"

သူမနဲ့ထရိန်နင်အတူ ဆင်းနေကြတဲ့ အစ်မတွေကိုနှုတ်ဆက်ကာ ယယ်ရင်း Companyကနေထွက်လာခဲ့သည်။

အဖေနဲ့အမေသာ သူတို့ရဲ့သမီးလေး အကလေ့ကျင့်ရေးထက် ကောင်မလေးတစ်ယောက်ကို ကြိုးကြိုးစားစားပိုးပန်းနေတာသိခဲ့ရင်တော့ သွေးတက်‌နေ‌ပါလိမ့်မည်။

_____________

ဘောလုံးကွင်းထဲမှာ အားကစားနည်းပြရဲ့ သွန်သင်မှုနဲ့အတူ ကြိုးကြိုးစားစားအပြေးလေ့ကျင့်နေတဲ့ ဆူဂျီနဲ့ဂျယ်ဟျောင်းထံ ဟာရင်း လျှောက်သွားလိုက်တယ်။

"ဂျယ်ဟျောင်း ခဏနားပြီး ကော်ဖီသောက်လိုက်အုံး"

ဟာရင်းကမ်းပေးလာတဲ့ ကော်ဖီခွက်ကိုယူကာ ဂျယ်ဟျောင်း ကစားကွင်းဘေးက ပရိတ်သတ်ကြည့်ခုံမှာဝင်ထိုင်ကာ နားလိုက်ပြီး ကော်ဖီသောက်နေတယ်။

You've reached the end of published parts.

⏰ Last updated: Jul 28 ⏰

Add this story to your Library to get notified about new parts!

Unconditionally love Where stories live. Discover now