♣️Note♣️

136 7 8
                                    

"အဲ့ရေကူးသမားလေးကို ငါချစ်တယ်"ဆိုတဲ့
Fictionလေးကို ဖန်တီးဖြစ်တာက ဇာတ်လမ်းထဲမှာ ကိုယ့်ကောင်မလေးတွေရဲ့ မပျော်ရွှင်ခဲ့ရတဲ့ခံစားချက်တွေ၊မဖြစ်ခဲ့တဲ့အိပ်မက်တွေနဲ့ ကိုယ်ဘူလီချင်တဲ့အခန်းလေးတွေကိုပါ စိတ်ကြိုက်ပြင်ရေးခဲ့တာပါ။

ယယ်ရင်းကို Idol ဖြစ်စေခဲ့တယ်။
အွန်းဂျောင်ကို ရေကူးသမားအဖြစ် ရှင်သန်စေတယ်။
သူတို့နှစ်ယောက်ကို ညားပေးခဲ့တယ်။

ဘဲ့ဟာရင်းကိုလည်း ဂျာအွန်းရဲ့အချစ်တွေနဲ့ မိသားစုရဲ့အချစ်တွေနဲ့ပျော်ရွှင်စေခဲ့တယ်။

ဟာရင်းကို ဆေးရုံတက်ခိုင်းရတာက ဂျာအွန်းကို ဆေးရုံအခန်းထဲဝင်ထိုင်စေချင်လို့ပါ။
ဇာတ်ကားထဲမှာ အွန်းဂျောင် ဆေးရုံတက်ရတော့ ဂျာအွန်း အပေါက်ဝမှာရပ်နေရတာ မကျေနပ်လို့ ကိုယ်Ficထဲမှာ ဝင်ထိုင်ခိုင်းလိုက်တာ။

ဆူဂျီနဲ့ဒိုအာကိုတော့ pg teamမှာ သူတှို့စ်ယောက်ကိုတွဲပေးလိုက်ရင် အရင့်ကျက်ဆုံးအတွဲဖြစ်လာမှာသိနေလို့။

ဂျယ်ဟျောင်းနဲ့ ဝူရီကတော့ အမွှေတော် နှစ်ဦးမို့Shipပေးလိုက်တာပါ။

နောက်ထပ်အသစ်ရေးမယ့်Pg fan fiction ကတော့ ဖခင်ရဲ့အရိုက်ကိုငရဲလို ခံနေခဲ့ရ‌တဲ့ ကင်မ်ဒါယွန်းကို ပျော်ရွှင်မှုနဲ့ အချစ်တွေပိုင်ဆိုင်စေချင်လို့ ဖန်တီးရေးသားမှာပါ။

သားယောကျာ်းလေးလိုချင်တဲ့ ဖခင်ရဲ့ အတ္တလောဘကြောင့် အမြဲအရိုက်ခံရ နှိပ်စက်ခံရတဲ့ ကင်မ်အိမ်တော်ရဲ့ အငယ်ဆုံးသမီးလေး ကင်မ်ဒါယွန်း...

ကင်မ်ဒါယွန်းရဲ့ဆိုးကွက်ကောင်းကွက်တွေကို နားလည်ပြီး ဘေးမှာအချစ်တွေနဲ့စောင့်ရှောက်ပေးမယ့် ဂူဆောဟာ...

နွေးထွေးတဲ့ မိသားစုမှာကြီးပြင်းခဲ့ပြီး ကင်မ်ဒါယွန်းကို ချစ်တဲ့စိတ်ကြောင့် အမြဲအလိုလိုက်ကာချစ်ပေးမယ့် ဘန်းဝူရီ တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ကို ပုံဖော်ရေးသားမှာပါ။

Pg fan fictionမို့ တစ်ဖွဲ့လုံးကိုပြန်တွေ့ရမှာပါ။

ဘယ်သူက ဘယ်သူနဲ့ ညားမလဲ မမေးပါနဲ့။
Pg team တစ်ခုလုံးက ကောင်မလေးတွေအားလုံး ကိုယ်နဲ့ညားမှာပါ။

Unconditionally love Where stories live. Discover now