အိမ်ရှေ့မှာရပ်ထားတဲ့ စက်ဘီးကို ပိုင်ရှင်မသိခင်မှာ လေလျော့ပစ်ရတာ အားနာဖို့ကောင်းပေမယ့် ဒါယွန်းကတော့ ကျေနပ်ပျော်ရွှင်နေရတယ်။
ဒီရက်ပိုင်း အမြဲအိမ်ပြန်နောက်ကျတတ်တဲ့ ဆောဟာကို သူမရဲ့ဆိုင်ကယ်နဲ့အတူကျောင်းသွားစေချင်တယ်။
စက်ဘီးကို လေလျော့ပြီးတဲ့နောက်မှာ ဘာမှမသိသည့်ပုံစံဖြင့် သူမရဲ့ဆိုင်ကယ်အနားမှာ ဟိုဒီကလိနေရင်း ဆောဟာကိုစောင့်နေမိတယ်။
ဘာမှမသိရှာတဲ့ ဆောဟာကတော့ စက်ဘီးကိုဒေါက်ဖြုတ်ပြီး စီးလိုက်တဲ့အခါ စက်ဘီးအနောက်ဘီးက လေလျော့နေတာကို သတိထားမိတော့တယ်။
"မနေ့ညကမှ ငါသေချာစစ်ထားတာကို စက်ဘီးကိုဘယ်လိုလုပ်ပြီး လေလျော့နေပါလိမ့်"
လေလျော့နေတဲ့ ဘီး ကိုကြည့်လိုက် သူမလက်ကနာရီကို ကြည့်လိုက်လုပ်နေတဲ့ ဆောဟာမှာ အနားရှိတဲ့ ဒါယွန်းကို အကူညီတောင်းဖို့ စိတ်ကူးမရှိတဲ့ပုံ။
မဖြစ်သေးပါဘူး..ငါမှသွားမပြောရင် သူက တစ်ခြားနည်းနဲ့ ကျောင်းသွားမယ့်ပုံဘဲ။
"ဆောဟာ စက်ဘီး တစ်ခုခုဖြစ်နေရင် ငါ့ဆိုင်ကယ်နဲ့ကျောင်းသွားမယ်လေ"
ဒါယွန်းစကားကြောင့် ဆောဟာ သူမလက်က နာရီကိုတစ်ချက်ကြည့်ပြီး စက်ဘီးကို ဒေါက်ပြန်ထောက်လိုက်တယ်။
"အိမ်တော်ထိန်း သမီးစက်ဘီးကို အိမ်မှာထားခဲ့မယ်နော် ဂရုစိုက်ပေးပါအုံး"
ခြံထဲက အလုပ်သမားတွေကို လုပ်ရမယ့်အလုပ်တွေညွှန်ကြားနေတဲ့ အိမ်တော်ထိန်းကို အသိလှမ်းပေးကာ ဒါယွန်း ဆိုယ်ကယ်အနား လျှောက်လာခဲ့တယ်။
"ဆိုင်ကယ်ကိုဖြေးဖြေးမောင်းနော် ဒါယွန်း အရင်တစ်ခါလို လေအလျင်နှုန်းနဲ့မောင်းလို့ကတော့ နောက်တစ်ခါ နင့်ဆိုင်ကယ်ကို ဘယ်တော့မှ မစီးတော့ဘူး"
သူ ခြိမ်းခြောက်နေတာမဟုတ်မှန်း ဒါယွန်း သိပါတယ်။
အရင်တစ်ခါ ညဘက်ကြီး ဆိုင်ကယ်ပတ်စီးတုန်းက ဆိုင်ကယ်ရပ်တာနဲ့ လမ်းဘေးမှာ ထိုးအန်နေတဲ့ဆောဟာပုံစံကို မြင်ခဲ့ဖူးပြီးပြီလေ။
YOU ARE READING
Unconditionally love
Fanfictionချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ မရှိဘူး။ ကိုယ့်ချစ်ခြင်းတရားက မင်းအတွက်အကောင်းဆုံးတွေပဲဖန်တီးပေးချင်တာ။ ပျော်အောင်နေပါလို့ ပြောမယ့်အစား ဝမ်းနည်းနေချိန် ထွေးပွေ့ပေးထားပြီး မင်းနဲ့အတူ အဆိုးအကောင်းတွေ ဝေမျှကြမယ်။ San Dar ချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ...