Part_9

50 4 11
                                    

"နင်ပဲစဉ်းစားကြည့်လေ ဂျာအွန်းရာ ငါ့လိုအချောအလှလေးကို ဒိုအာမို့ ငြင်းရက်တာ"

"ဟုတ်တယ် ငါ့သူငယ်ချင်းလေးကို ငြင်းရက်တဲ့ ဒိုအာက နှလုံးသား မပါတဲ့သူဘဲ"

ဟန်မြစ်ကမ်းနံဘေးမှာ ဆိုဂျူထိုင်သောက်နေကြရင်း ချစ်ရပါသော အတန်းခေါင်ဆောင်ကို အတင်းတုတ်နေကြသော ဆူဂျီနဲ့ ဂျာအွန်းကို ကြည့်ပြီး ဝူရီ သက်ပြင်းချနေမိတာ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့ချေ။

"နင်ပြောတော့ ဂျာအွန်းနဲ့ဆူဂျီကိုပဲ အဆင်ပြေအောင် လုပ်ပေးကြရအောင်ဆို အခုတော့ သူတို့နှစ်ယောက်က အမူးလွန်ပြီး အတိုင်ဖောက်တွေညီလို့ပါလား"

ဝူရီ အမေးကို ဒါယွန်း ဖြေရခက်စွာ ဆံပင်တွေကို လက်နဲ့ထိုးဖွနေရင်း ပြုံးမိ‌နေတယ်။

အလုပ်များလှတဲ့ ဝူရီကို ကော်ဖီဆိုင်မှာ ဝင်ခေါ်ပြီး ဂျာအွန်းနဲ့ဆူဂျီ အဆင်ပြေအောင်လုပ်ဖို့စဉ်းစားကာ လေးယောက်အတူ ဟန်မြစ်ကမ်းနံဘေးကိုရောက်လာခဲ့ခြင်းပါ။

အခုတော့ မူးနေတဲ့ ထိုနှစ်ယောက်ကိုကြည့်ပြီး အရက်တိုက်မိတာ မှားပြီမှန်း နောင်တရနေမိသည်။

"ဒိုအာက နှလုံးသားမပါတော့ သူ့ကိုမေ့လိုက်တော့ ငါ့သူငယ်ချင်းလေးက သူ့ထက်သာတဲ့သူနဲ့ ပိုထိုက်တန်တယ်"

"ဟုတ်တယ် မေ့လိုက်တော့မယ် ငါ့လိုအလှလေးက အသည်းကွဲတယ်ဆိုတာ မဖြစ်သင့်တဲ့အရာပဲ"

တစ်ယောက်ရဲ့စကားကို တစ်ယောက်ကထောက်ခံရင်း ဟန်မြစ်ဘေးမှာ ယိုင်တိယိုင်တိုင်လျှောက်နေကြတဲ့ သူတို့ကို မလှဲကျအောင် ဒါယွန်းနဲ့ ဝူရီ အရိပ်တကြည့်ကြည့်ဖြစ် ဂရုစိုက်နေရသည်။

ဆူဂျီ သူမရဲ့ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုကိုဆက်သွယ်လိုက်တယ်။

"ဟယ် လို ဒိုအာ"

ဒိုအာ စာကြည့်နေတဲ့အချိန် သူမဆီဝင်လာတဲ့ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ဆူဂျီ ဖြစ်နေ၍တန်းကိုင်လိုက်မိသည်။

တစ်ဖက်က မူးနေတဲ့ အသံလေးကြောင့် စိတ်ပူသွားမိကာ စာအုပ်ကိုပိတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့တယ်။

Unconditionally love Where stories live. Discover now