ဒါယွန်း မနက်စာစားဝိုင်းမှာ အဖေ့ကိုမတွေ့တာကြောင့် အစ်မနှစ်ယောက်ရဲ့မျက်နှာတွေကို လိုက်ကြည့်နေမိတယ်။
"အဖေ ဒီရက်ပိုင်း သူ့ဇနီးအသစ်လေးနဲ့ အပန်းဖြေအိမ်မှာနေမယ်တဲ့ ၊ကိုယ်ဝန်က မွေးခါနီးဆိုတော့ အနီးကပ် ဂရုစိုက်ပေးချင်လို့ထင်တယ်"
"အဲ့ဒီမိန်းမ သားယောကျာ်းလေး မွေးလာရင် ညီမတို့ဘာဖြစ်မလဲဟင် အစ်မဒါယောင်း"
အစ်မဒါဟယ်မျက်နှာမှာ အဖေ့ရဲ့မိန်းမ သားယောကျာ်းလေးမွေးလာမှာကို ကြောက်နေတာ အသိသာ။
ဒါယွန်း မနက်စာစားပြီးတာမို့ မတ်တပ်ထရပ်လိုက်တယ်။"ညီမတို့က အဖေ့ရဲ့ တရားဝင်သမီးတွေမို့ ဘယ်သူ့ကိုကြောက်ရမှာလဲ ၊အဖေ့လို စီးပွားရေးသမားတစ်ယောက်က မိသားစုကို ဘယ်လိုထိမ်းသိမ်းရမလဲ ကောင်းကောင်းသိပါတယ်"
" ညီမကျောင်းသွားတော့မယ် အစ်မဒါဟယ်လည်း မလိုအပ်တာကို စိတ်ရှုပ်ခံပြီး တွေးမနေနဲ့"
ပစ်မနှစ်ယောက်ကို နှုတ်ဆက်ကာ အိမ်ရှေ့ထွက်လာတော့ အဖေ့ရဲ့ driverဖြစ်တဲ့ ဦးလေး ဂူဟယ်ဆောင်းက သူမရှေ့မှာ ခါးညွှတ်ကာ နှုတ်ဆက်လာတာကြောင့် ဒါယွန်း အိမ်တော်ထိန်းကို ကြည့်လိုက်တော့ ခေါင်းညိတ်ပြလာတယ်။
"ဒီနေ့ သခင်မလေးကို ကျွန်တော် ကျောင်းလိုက်ပို့ပေးပါ့မယ်၊ ပြီးတော့ ဒီရက်ပိုင်း သခင်မလေးရဲ့ ကျောင်းအကြိုပို့ကို ကျွန်တော် ခဏလောက် တာဝန်ယူပေးပါ့မယ်"
ဘာတွေဖြစ်နေတာလဲ၊ ဦးလေး ဟယ်ဆောင်းက အဖေ့ရဲ့ကားကလွဲရင် ဘယ်သူ့ကိုမှ ကားမောင်း မပို့ပေးဘူးလေ။
"ဆောဟာ သမီးလည်း ကားပေါ်တက်"
အိမ်ထဲက ထွက်လာတဲ့ ဆောဟာ အဖေ့ရဲ့စကားကိုနာထောင်းကာ ကားအရှေ့ခန်းမှာ ဝင်ထိုင်တယ်။
ဒါယွန်းက သူဠေးသမီးမို့ ကားအနောက်ခန်းမှာ ထိုင်ရမယ်လေ။
"သူဠေး အခုတွဲနေတဲ့ မိန်းကလေး နာမည်က ဂျန်ဆိုးယွန် တဲ့၊ နည်းနည်း ပြဿနာရှာတတ်တဲ့လူမို့ သခင်မလေးတို့ ပတ်ဝန်းကျင်ကို နည်းနည်းတော့ ဂရုစိုက်စေချင်တယ်"
YOU ARE READING
Unconditionally love
Fanfictionချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ မရှိဘူး။ ကိုယ့်ချစ်ခြင်းတရားက မင်းအတွက်အကောင်းဆုံးတွေပဲဖန်တီးပေးချင်တာ။ ပျော်အောင်နေပါလို့ ပြောမယ့်အစား ဝမ်းနည်းနေချိန် ထွေးပွေ့ပေးထားပြီး မင်းနဲ့အတူ အဆိုးအကောင်းတွေ ဝေမျှကြမယ်။ San Dar ချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ...