"တော်တယ် ဒါမှ ဂျူဒိုရွှေတံဆိပ်ဆုရှင် ပီသတာ"
တစ်ယောက်တစ်လှည့် ရိုက်တာခံနေရတဲ့ ဆောဟာမှာ သူတို့ရဲ့ လှောင်ရယ်သံတွေကိုပါ ဥပေက္ခာပြုနေရတာ မလွယ်ပေ။
သူတို့ကျေနပ်တဲ့အထိ ရိုက်ပြီးရင် အိမ်ကိုမြန်မြန်ပြန်ရောက်ပြီး အဖေနဲ့ ဒါယွန်း မျက်နှာကို မြင်ရရင် ဒီနာကျင်မှုတွေလည်း သက်သာလာမှာကို သူမသိပါတယ်။
"စီနီယာ.."
လဲကျသွားတဲ့ ဆောဟာ ဝမ်းဗိုက်ကိုခြေထောက်နဲ့ကန်ဖို့လုပ်နေတဲ့အချိန် သူမရဲ့ အဖော်တစ်ယောက်က အသိပေးသလို အနောက်ကိုလှည့်ကြည့်ဖို့ မျက်ရိပ်ပြလာတာကြောင့် ဂန်အွန်းအာ မြှောက်ထားသည့်ခြေထောက်ကို ပြန်ချလိုက်သည်။
"အတော်ပျော်နေကြတာပဲ ဂျုဒိုကစားသမားတွေဖြစ်ပြီး အချင်းချင်းပြန်အနိုင်ကျင့်နေကြတာပေါ့"
"ဆောဒိုအာ..!"
"အွန်း ကျွန်မနာမည်ကို သိနေတော့ ကောင်းတာပေါ့ သူငယ်ချင်းကို ပြန်ခေါ်သွားလို့ရတယ် မဟုတ်လား"
ဒိုအာ လဲကျနေသည့် ဆောဟာကိုတွဲထူပြီး စီနီယာ အွန်းအာ အနားကပ်သွားလိုက်သည်။
"အထက်တန်း ပထမနှစ်ကနေ အခုတတိယနှစ်ရောက်တဲ့အထိ ကျောင်းအားကစားပြိုင်ပွဲတွေမှာ တတိယအဆင့်တောင်မရဖူးလို့ စိတ်ပျက်နေရတဲ့အခြေနေမှာ ဒါရိုက်တာကိုယ်တိုင် ပညာသင်ဆုပေးထားတဲ့သူကို အနိုင်ကျင့်နေတာ ဆရာ ဆရာမတွေသိသွားရင် စီနီယာ ဘာဖြစ်မယ်တွေးကြည့်ဖူးလား"
ခြိမ်းခြောက်စကားကို အပြုံးမပျက်ပြောတတ်တဲ့ ဆောဒိုအာ ဘာပြောချင်နေမှန်း ဂန်အွန်းအာ သိပါတယ်။
ခေါင်းကို ဘေးကိုအနည်းငယ်စောင်းကာ ဒိုအာဘေးမှာ ရပ်နေသည့် ဆောဟာကို ကြည့်ကာ အွန်းအာ ပြုံးပြလိုက်တယ်။
"အခုထိအနိုင်ကျင့်ခဲ့သမျှတွေအတွက် တောင်းပန်တယ်၊နောက်နေ့ကစပြီး ကျောင်းစောစောမလာလည်း ရပြီနော် ဆောဟာ"
မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလာတဲ့ စီနီယာကို ဆောဟာ ခေါင်းသာညိတ်ပြလိုက်တယ်။
YOU ARE READING
Unconditionally love
Fiksi Penggemarချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ မရှိဘူး။ ကိုယ့်ချစ်ခြင်းတရားက မင်းအတွက်အကောင်းဆုံးတွေပဲဖန်တီးပေးချင်တာ။ ပျော်အောင်နေပါလို့ ပြောမယ့်အစား ဝမ်းနည်းနေချိန် ထွေးပွေ့ပေးထားပြီး မင်းနဲ့အတူ အဆိုးအကောင်းတွေ ဝေမျှကြမယ်။ San Dar ချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ...