Part_10

56 3 6
                                    

🎶
မင်းရဲ့ပုံစံလေးအတိုင်းပဲ ငါ့ဆီလာခဲ့....

တောင်းပန်စကားတွေလည်း မလိုဘူး...

မင်းက ငါ့အတွက် အဖိုးတန်လေးမလို့....

မင်းဆိုးသမျှကို မင်းရဲ့ကောင်းကွက်လေးတွေနဲ့ ဖြည့်ပေးမယ်....

မုန်တိုင်းဆိုလည်း ငါဖြတ်ကျော်လာခဲ့မယ်....

အရာရာကိုစွန့်စားလိုက်မယ် မင်းကိုချစ်တာမလို့....🎶

နားထောင်နေသည့် သီချင်းလေးကို ပါးစပ်ကနေ လိုက်ညဉ်းရင်း ဆောဟာအခန်းထဲကို တံခါးမခေါက်ဘဲ ဒါယွန်းဝင်လာခဲ့တယ်။

"ဒါ..ဒါယွန်း အခုချက်ချင်းအခန်းအပြင်ပြန်ထွက်!"

ရေချိုးပြီး အခန်းထဲမှာ အဝတ်လှဲနေတဲ့ဆောဟာ သူမရဲ့အင်္ကျီကိုဝတ်လို့မပြီးသေးခင် အခန်းထဲဝင်လာတဲ့ ဒါယွန်းကြောင့် လန့်ကာ အင်္ကျီကိုမြန်မြန်ဝတ်ပြီး အော်လိုက်မိတယ်။

"ဆောဟာကလည်း နင်လည်းမိန်းကလေး ငါလည်း မိန်းကလေးပဲ ဘာရှက်စရာ‌လိုလို့လဲ နင်မကျေနပ်ရင် ငါ့အဝတ်မပါတဲ့ခန္ဓာကိုယ်ကို ပြန်ကြည့်ပေါ့"

အခန်းထဲကမထွက်ဘဲ သူမရဲ့အိပ်ရာကုတင်အစွန်းမှာ ဝင်ထိုင်ပြီး မျက်နှာမလွှဲစွာကြည့်နေတာမို့  မျက်စောင်းတစ်ချက်ထိုးပြီး ‌တဘက်တစ်ထည်ယူကာ ခေါင်းကရေတွေကိုသုတ်လိုက်တယ်။

"တစ်ခြားသူရဲ့အခန်းထဲဝင်ရင် တံခါးခေါက်ရတယ် ဒါယွန်းရဲ့၊ ဒါနဲ့ ငါ့ကိုဘာပြောစရာရှိလို့ အခန်းထဲထိဝင်လာရတာလဲ"

ခေါင်းကရေတွေကိုသုတ်နေတဲ့ ဆောဟာကိုကြည့်ပြီး သူ့ခေါင်းကိုရေသုတ်ပေးချင်တဲ့စိတ်တွေဖြစ်နေပေမယ့် ခွင့်တော့မတောင်းရဲပါ။

"ကျောင်းကို ငါ့ဆိုင်ကယ်နဲ့အတူသွားရအောင်လေ  ဆိုင်ကယ်ကို ဖြေးဖြေးမောင်းပါ့မယ်"

ခေါင်းသုတ်ထားလို့ရေစိုနေတဲ့ တဘက်ကို ချိတ်မှာဖြန့်ကာချိတ်ထားလိုက်ပြီး ဗီဒီရိုဘေးမှာချိတ်လိုက်ပြီးတော့ စာကြည့်စားပွဲအနားကိုသွားလိုက်သည်။

ညကအိမ်စာလုပ်ထားတဲ့ စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ရင်း သူမအဖြေကိုစောင့်နေတဲ့ ဒါယွန်းကိုလှည့်ကြည့်လိုက်တော့ သူမလုပ်သမျှကိုလိုက်ကြည့်နေဟန်တူပါရဲ့။

Unconditionally love Where stories live. Discover now