Part_4

76 4 9
                                    

"မမလေး ကင်မ်ဒါယွန်းရှင့် အိပ်ရာထဖို့အချိန်ကျပါပြီ"

အိပ်ပျော်နေတဲ့ ဒါယွန်း နားအနားကိုကပ်ကာအော်လိုက်တဲ့ ဆောဟာ အသံကြောင့် ဒါယွန်း မျက်လုံးတွေ မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်လာရတယ်။

"ညကနောက်ကျမှအိပ်တာကို ငါနည်းလောက်ထပ်အိပ်လို့ မရဘူးလား ဆောဟာ"

မျက်လုံးတွေပွတ်ကာပြောနေတဲ့ ဒါယွန်းကိုကြည့်ပြီး ဆောဟာ ခေါင်းခါမိတယ်။

"ကျောင်းသွားရအုံးမယ်လေ ဒါယွန်း အောက်ထပ်မှာ သူဠေးလည်း စောင့်နေတယ် ပြောစရာရှိတယ်တဲ့"

"ရားးး!!"

စိတ်မရှည်စွာအော်ပြီး ဒါယွန်း ရေချိုးခန်းထဲကိုဝင်လာလိုက်တယ်။

ဒါယွန်းအတွက် ဝတ်စုံရွေးပေးပြီး ပိတ်ထားတဲ့ ပြတင်းတံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ အပြင်ဘက်ဆီက လောကကြီးရဲ့ နေရောင်ခြည်ဟာ အခန်းထဲကို နွေးထွေးစွာ တိုးဝင်လာလေရဲ့။

ရေချိုးခန်းထဲကထွက်လာတဲ့ ဒါယွန်းရဲ့ခေါင်းကဆံပင်တွေဟာ ရေစက်တွေတင်ကျန်နေသည်။

"ရေချိုးခန်းထဲမှာ ခေါင်းကရေတွေကို တစ်ခါတည်းသုတ်ခဲ့မှပေါ့ ဒါယွန်းရား"

ပွစိပွစိ ‌ရေရွတ်ကာ အဘွားအိုတစ်ယောက်လို ပေါက်ပေါက်ဖောက်ဖောက်နေတဲ့ ဆောဟာထံ ရေသုတ်တဘက်ကို ပစ်ပေးလိုက်သည်။

"အဲ့လောက်စိတ်ပူတတ်နေရင်လည်း နင်ကိုယ်တိုင်ပဲ ငါ့ခေါင်းကရေတွေ‌သုတ်ပေးတော့"

ဆောဟာ ကင်မ်အိမ်တော်မှာနေရခြင်းက ဒါယွန်းကို အခုလိုအနီးကပ်စောင့်ရှောက် ဂရုစိုက်ပေးခွင့်ရနေတာ ကောင်းပါတယ်။

နာကျင်မှုတွေနဲ့အပြည့်နဲ့ ဒါယွန်း စိတ်နှလုံးသားလေးကို သူမရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစွာပွေ့ဖက်ထားချင်သည်လေ။

"ခေါင်းကရေတွေခြောက်သွားပြီ၊အဝတ်လှဲပြီးရင် အောက်ထပ်ဆင်းခဲ့တော့ "

"နေအုံး ငါနဲ့အတူတူဆင်းမယ် စောင့်အုံး"

သူမအနားကထွက်သွားတော့မယ့် ‌ဆောဟာလက်ကိုလှမ်းဆွဲထားလိုက်သည်။

Unconditionally love Where stories live. Discover now