လူတွေရဲ့လောဘဟာ ဘယ်တော့မှအတောမသတ်နိုင်ကြဘူး။
မရနိုင်တာကိုလိုချင်ကြတာ လောဘဖြစ်ပြီး လောဘနောက်ကို လိုက်မိတဲ့အခါ အဲ့ဒီလောဘကပဲ နာကျင်ပျက်စီးစေတတ်တာကိုတော့ ဘယ်သူမှ သတိမမူနိုင်ကြဘူးလေ။
K&Yဆောက်လုပ်ရေးcompanyဟာ ကိုရီးယား တည်ဆောက်ရေးလုပ်ငန်းနယ်ပယ်မှာတော့ နာမည်ကြီးCompanyတစ်ခုပေါ့။
K&Y company ကို ပိုင်ဆိုင်တဲ့ ဥက္ကဠ ကင်မ်ဂျန်ယောင်းရဲ့ အတောမသတ်နိုင်တဲ့ လောဘကတော့ သားလိုချင်တဲ့လောဘတစ်ခုပဲ။
ဆောရှင်းဆေးရုံရဲ့ အထူးကု သားဖွားခန်း
"နည်းနည်းလောက်ပဲ အားတင်းထား"
"တစ် နှစ် သုံး"
"နည်းနည်းလောက်ပဲ ထပ်ပြီး.."
"နောက်တစ်ကြိမ် ထပ်ပြီး တစ် နှစ် သုံး"
ကလေးငိုသံ ကြားမှ အခန်းထဲက အားတင်းပြီး ညှစ်ထုတ်နေတဲ့ မိခင်ရဲ့ နာကျင်တဲ့အော်ဟစ်သံလည်း တိတ်ဆိတ်သွားပါတယ်။
"ဘာလေးလဲ ဒေါက်တာ သားလေး သားလေး မဟုတ်လား"
မျှော်လင့်တကြီးနဲ့ မေးတဲ့ မိခင်ရဲ့ အမေးကို ဆရာဝန်က ချက်ချင်းတန်းအဖြေပေးဖို့ တွေဝေနေတဲ့ပုံ။
"ကျွန်မ မေးနေတယ်လေ ဒေါက်တာ သားလေးမဟုတ်လား မေးနေတာ ဘာလို့ မဖြေရတာလဲ"
သူမအမေးကို ဘာမှပြန်မဖြေကြတာမို့ မိခင်ဖြစ်သူလည်း စိတ်မရှည်စွာ အော်မေးလိုက်မိတယ်။
"သမီးမိန်းကလေးပါ သူဠေးကတော် ကင်မ်"
ဆရာဝန်ရဲ့အဖြေမှာ သားလေးမျှော်လင့်ထားတဲ့ မိခင်မှာ စိတ်ပျက်အားလျော့သွားကာ သတိလစ်သွားရှာတယ်။
"ကလေးကို ပိုးသတ်ပေးပြီး ကလေးကြပ်မတ်ဆောင်မှာ ဂရုစိုက်ထားလိုက်နော် သူနာပြု"
K&Y company အစည်းအဝေးခန်းထဲကထွက်လာတဲ့ Ceo ကင်မ်ဂျန်ယောင်း သူ့ကိုစောင့်နေတဲ့ ဒရိုင်ဘာရဲ့ စကားဟာ သူမျှော်လင့်ထားတဲ့အရာပဲဖြစ်စေချင်တယ်။
ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ သားယောကျာ်းလေး ဖြစ်လိုက်စမ်းပါ။
YOU ARE READING
Unconditionally love
Fanfictionချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ မရှိဘူး။ ကိုယ့်ချစ်ခြင်းတရားက မင်းအတွက်အကောင်းဆုံးတွေပဲဖန်တီးပေးချင်တာ။ ပျော်အောင်နေပါလို့ ပြောမယ့်အစား ဝမ်းနည်းနေချိန် ထွေးပွေ့ပေးထားပြီး မင်းနဲ့အတူ အဆိုးအကောင်းတွေ ဝေမျှကြမယ်။ San Dar ချစ်ခြင်းတရားမှာ ဆိုးတာကောင်းတာ...