24

1.9K 209 5
                                    

အပိုင်း (၂၄)

ဝမ်ရိပေါ်တင်ထားတဲ့ လုပ်သက်ခွင့်က ထင်ထားတာထက် ချောချောမွေ့မွေ့ပဲ ရလာတယ်၊ လျှိုစန်းက ဝမ်ရိပေါ်ကို ဌာနမှာပဲ အမြဲ မနေသင့်ကြောင်းနဲ့ ဒီတစ်ခါမှာ ခွင့်ရက်တွေ ကုန်အောင်သုံးပြီးမှ ပြန်လာဖို့ အကြံပေးတယ်။

ကွာရှင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝမ်ရိပေါ်က သူ့မားကို အကြိမ်ကြိမ် ဖုန်းဆက်ပြီး မေးတယ်၊ မားကတော့ စိတ်မပူဖို့ပြောပြီး စကားလမ်းကြောင်း လွှဲပစ်တာများတယ်၊ ဝမ်ရှင်းချီကလဲ လူကြီးတွေကို သူတို့ဟာသူတို့ လွှတ်ထားပေးလိုက်ဖို့ ထပ်ပြောပြန်တယ်၊ သူတို့ကွာရှင်းတာက အနှေးနဲ့အမြန် ဖြစ်လာမဲ့ ကိစ္စပါ၊ ဒီအချိန်လေးအတွင်းမှာ နောင်တရပြီး အချင်းချင်း မခွဲနိုင်မခွာရက် ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။

ရှောင်းကျန့် အလုပ်ထွက်လိုက်တော့ ကျန်းရိန်က ရှောင်းကျန့်ကို ပိုပြီးအဆက်အသွယ် လုပ်လာတယ်၊ အားတဲ့အချိန် ထမင်းအတူစားဖို့ ခေါ်နေတာ၊ ချစ်လွန်းလို့တော့ မဟုတ်ဘူး၊ ဝမ်ရှင်းချီအကြောင်း စကားနှိုက်ချင်လို့။

"မင်းဘာလို့ ရုတ်တရက်ကြီး ရိပေါ်အစ်မကို စိတ်ဝင်စားသွားရတာလဲ?"

"မင်းနားမလည်ပါဘူး.. မြင်မြင်ချင်းအချစ်လို့ ခေါ်တယ်ကွ"

"ငါတို့ မင်္ဂလာဆောင်မှာကတည်း မင်းသူ့ကို မြင်ဖူးတယ် မဟုတ်ဘူးလား.. အဲဒါဆို မြင်မြင်ချင်းချစ်တာ ဘယ်ဟုတ်မလဲ.. အဲဒီတုန်းက မပြောခဲ့ဘဲ.. အခုမှ မြင်မြင်ချင်းအချစ် ဘာညာလာလုပ်နေတယ်"

ရှောင်းကျန့်က ကော်ဖီဆိုင်ထဲမှာ ထိုင်နေရင်း အပြင်ကို လှမ်းလှမ်းကြည့်နေတာ၊ ဝမ်ရိပေါ်က သူရှိနေတဲ့ နေရာကို စာပို့ပြီး လှမ်းမေးထားတယ်လေ။

"မင်းနားမလည်ပါဘူး.. ဟေ့ ဝမ်ရိပေါ်!"

ကျန်းရိန်က ရှောင်းကျန့်မှာထားတဲ့ ပေါင်မုန့်လေးကို သူ့ရှေ့တွန်းပို့နေရင်း ထအော်တယ်၊ မော့ကြည့်လိုက်တော့ အနက်ရောင် အပြင်ဝတ်စုံဝတ်ထားတဲ့ ဝမ်ရိပေါ်က တံခါးတွန်းဖွင့်ပြီး ဆိုင်ထဲဝင်လာတာကို မြင်လိုက်ရတယ်၊ အပြင်ဝတ်စုံဝတ်ထားရင်တောင် ဝမ်ရိပေါ်ကိုတော့ တစ်ချက်ကြည့်တာနဲ့တင် သိပါတယ်။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now