~ Ep 2 ~

135 27 17
                                    

အိပ်ရာထဲ ပြေးသွားပြီး ခေါင်းအုံးကို လျှောမှီထိုင်ကာ ခြေထောက်နှစ်ဖက်က ထပ်ထားပြီး သူ့ဘေးနားကို လက်ပုတ်ပြသည် ..

ငါးနှစ်သားရဲ့ အမူအရာကနော် ..

ဆောင်းချန်ကို လာထိုင်တော့ပေါ့ .. ပြီးရင်း ပုံပြင်ဖတ်ပြရတော့မယ်လေ .. စာအုပ်အသစ်ကို သူ တအားစူးစမ်းနေတာ

'' ပိစိ သွားတိုက်ပြီးပြီလား ´´
ဆောင်းချန်ကမေးတော့ ဝွန်ဘင်းလေးက ခေါင်းညိတ်ပြသည် ..

'' မတိုက်ရသေးဘဲ ညာရင် သွားပိုးတွေစားကုန်မှာနော် သွားကျိုးလေးဖြစ်နေမှ ရယ်ရင်
ကြည့်မကောင်းတော့ဘူး ... ´´

အဲ့လို ခြောက်ပြမှ ကုတင်ပေါ်က ခုန်ဆင်းပြီး နှုတ်ခမ်းဆူကာ ဘေစင်ဆီ သွားတော့သည် ..

ဆောင်းချန်ရေချိုးခန်းမှာလည်း အကောင်ပေါက်လေးရဲ့ သွားတိုက်တံ သွားတိုက်ဆေး မျက်နှာ သုတ်ပဝါပိစိကစလို့ ကလေးရေချိုးဆပ်ပြာ စုံနေရော ..

သေးသေးလေးတုန်းက ဆော့တဲ့ ဘဲရုပ် ခွေးရုပ် ကြောင်ရုပ် အိကျိကျိလေးတွေကလည်း ဘောင်ပေါ်မှာ တန်းစီလို့

အိပ်ခန်းဘေးက အံဆွဲထဲလည်းကြည့် ..
သူ့ရဲ့ ပေါင်ဒါ လိုးရှင်း စုံစိနေတာပဲ အဝတ်ဘီရိုတစ်ထပ်ကလည်း ဝွန်ဘင်းလေးရဲ့ ဝတ်စုံတွေ ဖိနပ်ပိစိလေးတွေ ..

တစ်ခါတစ်လေ တစ်နေကုန် အိမ်မှာလာနေတာတို့ လာအိပ်တာတို့ဆို အကုန်အဆင်သင့် ပြင်ဆင်ပေးလို့ရသည် ...

ဘေစင်အောက်ဘက်ရှေ့က ခုံပုလေးပေါ်          ဝွန်ဘင်းက တက်လိုက်ပြီး နောက်က       ဆောင်းချန်ကို မော့ကြည့်သည် ..

''ငဆိုးကောင်လေး သွားကျိုးမှာကျ ကြောက်တယ်´´

ဆောင်းချန်က ပြောပြီး သွားတိုက်တံထဲ ဆေးညှစ်ကာ လက်ထဲထည့်ပေးတော့ ခေါင်းခါပြီး ပါးစပ်ဟပေးသည် ..

ကိုယ်တိုင် လုပ်တတ်နေရဲ့သားနဲ့ ဂျစ်တာ ..

အဖြူရောင် ညအိပ်ဝတ်စုံဝမ်းဆက်လေးမှာ ဝက်ဝံအညိုလေးတွေနှင့် ချစ်စရာ ကောင်လေးကို သွားတိုက်ပေးပြီး ပုံပြင်ဖတ်ပြခြင်း စတင်ရသည် ..

Melting HeartWhere stories live. Discover now