အုပ်စုလိုက် စားသောက်ကြပြီး ညရောက်တော့ ဂျွန်ယောင်းက မီးပုံပွဲ စီစဥ်ပေးတော့သည် ..
ဆေးရုံအဖွဲ့က တစ်ချို့တွေကတော့ ပါလာသည့် သောက်စရာ မြည်းစရာများနှင့် မြိုင်နေပြီး စကားစကောင်းကြလျက် ..
ဆောင်းချန်နားမှာ ဝွန်ဘင်းက ကပ်ထိုင်ပြီး တစ်ဖက်မှာတော့ မီယာက ဂျွန်ယောင်းနှင့်စကားကောင်းဆဲ
'' ဦး မသောက်ဘူးလား ´´
ဝွန်ဘင်းကမေးတော့ ဆောင်းချန်က ခေါင်းခါပြသည် ..
ဆောင်းချန်က အရက် ဆေးလိပ် ဒါမျိုးတွေ မကြိုက်တတ် ... မဖြစ်မနေမှသာ ပွဲတို့ဘာတို့ အတင်းအကြပ်မှ သောက်ဖြစ်သည် ..
'' ကျွန်တော်ရှိလို့လား လူစုံတာပဲ တစ်ခါတစ်လေ သောက်ချင်သောက်ပေါ့ ´´
'' ချာတိတ် ရှိနေလို့ပေမယ့် ဦးလည်း မသောက်ချင်ပါဘူး ´´ဝွန်ဘင်းက မသိမသာ ပြုံးမိ ..
မှတ်မှတ်ရရ ဆောင်းချန်၏ အရင်းနှီးဆုံးသူငယ်ချင်း မင်္ဂလာညစာစားပွဲကို ဝွန်ဘင်းလိုက်သွားဖူးသည် ...
အဲ့ဒီအချိန် အဖေက ခရီးလည်းထွက်နေရတော့ အိမ်မှာတစ်ယောက်တည်းကျန်မယ့်အတူတူ ဆောင်းချန်က ခေါ်သည်နှင့် လိုက်သွားခဲ့ခြင်း
မှတ်မှတ်ရရ အလယ်တန်းနောက်ဆုံးနှစ် ဖြစ်မည်
သူငယ်ချင်းအရင်းကြီးဆိုတော့ မင်း ငါ့ပွဲမှာ သောက်ရမယ်နော်လို့ အတင်းတိုက်တာတောင် တစ်စက်သောက်ဖို့မပြောနဲ့ ဖန်ခွက်ကိုမကိုင်
ဆောင်းချန်ပြောခဲ့သည်က ..
'' ဝွန်ဘင်းလေးရှေ့မှာ ငါမသောက်ချင်ဘူး ´´ တဲ့
ဝွန်ဘင်းအတွက် ဒီစကားတစ်ခွန်းကလည်း အမှတ်ရစရာပင် .. အခုလည်း ဒါကိုတွေးမိလို့ သပ်သပ်မေးလိုက်ခြင်းသာ
'' လူစုံတုန်း ပုလင်းလှည့်တာ ဘာညာ မလုပ်ကြဘူးလား မင်းတို့အဖွဲ့သားတွေကလည်း ကုပ်ကုပ် ကုပ်ကုပ်နဲ့ လွတ်လွတ်လပ်လပ် နေကြပါကွ ´´
ဂျွန်ယောင်းကပြေတော့ မီယာကလည်း ထောက်ခံလိုက်ပြီး ဆေးရုံက အလုပ်သင်လေးက
