မကြာ ကျန်သည့်လူတွေ ရောက်လာတော့ ကျေးလက်ဆေးခန်းနှင့် ရွာလူကြီးရဲ့အိမ်မှာ ပစ္စည်းတွေ ခွဲချကြပြီး ရေချိုးအနားယူဖို့ လုပ်ကြသည် ..
ရွာကလူတွေခမျာ လာစပ်စုကြပြီး ညနေ ဆေးကုချိန်ကို စောင့်နေလျက်
'' လာပေးတာ ကျေးဇူးတင်ပါတယ် ´´
ဒေသရဲ့တစ်ဦးတည်းသော အထွေထွေကု ဆရာဝန် ဂျွန်ယောင်းက ဆောင်းချန်ကိုပြောတော့ ဆောင်းချန်က ပြုံးပြီး
'' ဆရာကြီးက အေးချမ်းတဲ့နေရာမှာ တစ်ကိုယ်တော်ပေါ့ ´´
'' ဟား ဟား မင်းလာနေကြည့်လေ ငါ အေးချမ်းလား သိသွားမယ် ´´နှစ်ယောက်သား ရယ်လိုက်ပြီး ဖက်ရင်း နှုတ်ဆက်လိုက်တော့ မီယာကပါ ပြုံးလျက် ဝင်ပြောသည်
'' စီနီယာ့သူငယ်ချင်းကို ခေါ်ထားလိုက်ပါ ဒီလိုနေရာလေးမှာနေဖို့က သူ့ဆန္ဒလေ ´´
'' ဟာ .. မီယာ မတွေ့ရတာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ ´´
'' ဟုတ်ပါ့ ဒီတစ်ခါတော့ စီနီယာနဲ့ တွေ့ချင်လွန်းလို့ ရအောင်လိုက်လာတာ အတွေ့အကြုံတွေ နားထောင်ဖို့ စောင့်နေပါ့မယ် ´´
'' ဟိုက် ဒီကောင်မလေးရဲ့ ရောက်လေရာမှ သင်ယူချင်စိတ်က မပျောက်သေးဘူးလား ´´
ဂျွန်ယောင်းကမေးတော့ ဆောင်းချန်က ပခုံးတွန့်ပြလေသည် ..
' ဘယ်လိုလဲ အဆင်ပြေရဲ့လား သူငယ်ချင်း ´
'' အေး ဒီလိုပါပဲ အေးဆေးဖြစ်ရုံပေါ့ မင်းရော ဆေးရုံနဲ့စာသင်တာနဲ့ အပတ်မလည်ဘူးလား ´´
'' ဒီလိုပဲ ဖြတ်သန်းနေတာပါပဲ ´´'' အတော်ကြိုးစားတဲ့ကောင် ငါဆို စာတွေထပ်မကြည့်ချင်တော့ဘူး´´
'' ပြောတာပါပဲ မင်းလည်း စာကြမ်းပိုးပဲကို ´´ဂျွန်ယောင်းက ဆောင်းချန်နဲ့ အထက်တန်းကတည်းက သူငယ်ချင်းဖြစ်ပြီး ဆေးကျောင်းမှာတော့ အထူးပြုဘာသာရပ်ကွဲခဲ့သည် ..
မီယာ့ကိုတော့ ဂျွန်ယောင်းက ဆောင်းချန်ကတစ်ဆင့်သိပြီး ခင်နေကြလျက်
'' ဒါနဲ့ မင်းရဲ့မွေးစားသားလေး ဘယ်ရောက် ပါလာမှာဆို ´´
'' ကားပေါ်မှာလေ ဗိုက်တွေအောင့်လို့တဲ့ ခုနကတင် ဆေးတိုက်ထားတာ အိပ်နေတုန်း နိုးလာရင် မင်းတစ်ချက် ကြည့်ပေး ´´
