~ Ep 1 ~

216 27 18
                                    

'' ဦးဦး ´´
ဆောင်းချန်က အိမ်တံခါးကို ဖွင့်ကြည့်တော့ စုပ်လုံးလေးလက်မှာကိုင်ပြီး ရပ်နေသည့် ပုစိလေး

'' မင်း ဘယ်လိုရောက်လာပြန်တာတုန်း ´´
ပုစိလေးက ဘာမှမပြော ဇက်တောက်တောက်  နှင့် ဆောင်းချန်ခြေထောက်ကိုလှမ်းကိုင်ရင်း အိမ်ထဲကို တိုးဝင်သည် ..

ဆောင်းချန်က နောက်ကထိန်းကိုင်ပေးတော့ အိမ်ထဲက ကြမ်းပြင်ပေါ် ထိုင်ချပြီး ကြမ်းပြင်ကို ပုတ်ပြကာ ..

''ဦး ဦး .. ထိုင် ထိုင် ´´

ဆောင်းချန်ရဲ့ အားလပ်ရက်လေးက ဒီအရှုပ်ထုတ်လေးနဲ့ ဆော့ပေးရင်း အချိန်ကုန်ရုံမှလွဲ၍ မရှိ ..

'' ဘာစားပြီးပြီလဲ ´´
ဆောင်းချန်က မေးတော့ လက်ထဲက စုပ်လုံးကို ထောင်ပြကာ

'' ဖောက် ဖောက် ´´
ဖောက်ခိုင်းလေသည် ..

'' ဒါမဟုတ်ဘူး ဒါမစားရဘူး ပေး သိမ်းထားမယ် ´´
ပုစိက မပေးဘဲ လက်ထဲ ကျစ်နေအောင် ဆုတ်ထားသည် ..

ဆောင်းချန် ဆွဲလုရင် ငိုတော့မှာမလို့ ထားလိုက်ပြီး

'' မန် မန် စားမလား ´´
'' ချား ချား ´´

ဆောင်းချန်က ချီလိုက်ပြီး မတ်ထပ်ထလိုက်တော့ လူခေါ်ဘဲလ်က မြည်လာသည် ..

'' အေး ငါ ဖုန်းကျန်ခဲ့လို့ ဝင်ယူတာကို မင်း အိမ်ထဲတန်းရောက်သွားပြီ ဒီကောင်လေးက ´´

'' ဟျောင်း ဘဲလ်တီးခဲ့လို့ပေါ့ မဟုတ်ရင် ကျွန်တော်  သိမှာမဟုတ်ဘူး အထဲက ကြည့်ရင် သူ့ကို မြင်ရတာမဟုတ် နောက် ကလေးကို အဲ့လိုမထားခဲ့နဲ့လေ ´´

'' အေးပါကွာ ရော့ ဒါ သူ့အထုတ်နော် အကူအညီတောင်းပါတယ် ´´

'' ပါး အာ ပါး ´´
မျက်နှာလေးပြုံးပြီး ဆောင်းချန်လက်ပေါ်ကနေ သူ့အဖေကို ခေါ်နေတဲ့ ပုစိလေး ..

'' အာပါး သွားပြီနော် ဦးဦးနဲ့ ဆော့နေခဲ့ မငိုရဘူးနော် မုန့်တွေဝယ်ခဲ့မယ် ´´

ပြောတော့ တာ့တာ ဖလိုင်းကစ်က လုပ်သေး

ဆောင်းချန်က ကြည့်ပြီးသဘောကျကာ အသေးလေးကို ချီမြှောက်လိုက်သည် ...

Melting HeartWhere stories live. Discover now