~ Ep 12 ~

136 22 10
                                    

~ ရှေ့က Ep 11 မဖတ်ရသေးရင် အရင် ဖတ်နော် ~

ဝွန်ဘင်းက နေ့တိုင်း တဖြည်းဖြည်း သူ့ပစ္စည်းတွေကို သယ်လာပြီးနောက် ဆောင်းချန်အိမ်ရဲ့ ဧည့်သည်အိပ်ခန်းက ဝွန်ဘင်းအခန်းသစ်လို ဖြစ်လာခဲ့ပြီး

ဆောင်းချန်လည်း ဝွန်ဘင်း လုပ်ချင်ရာလုပ်ဖို့ လွှတ်ထားလိုက်တော့သည် .. ​သူ့အနေနဲ့ ဝွန်ဘင်းကို တားဆီးဖို့ အကြောင်းလည်းမရှိသလို နောက်ထပ် အဆင်မပြေတာမျိုးလည်း မဖြစ်စေချင် ..

ရေချိုးခန်း ဧည့်ခန်း စာကြည့်ခန်း အိပ်ခန်းက ဘီရိုတစ်ခြမ်းတို့မှာ ဝွန်ဘင်းပစ္စည်းတွေတိုးလာတော့ဆောင်းချန်တစ်ယောက် ဝွန်ဘင်း ကလေးဘဝကို ပြန်တွေးမိသား

အိမ်သစ်ဆောက်တာကလည်း ဆောင်းချန် အလျင်လိုခဲ့တာမျိုးမဟုတ်ပေမယ့် ဝွန်ဘင်းကြောင့်ပဲ အမြန်ဆောက်ဖြစ်သွားပြီး ခန့်မှန်းခြေ နောက်နှစ်လယ်လောက်ဆို ပြီးစီးဖို့များသည်

ဝွန်ဘင်းတို့ တစ်ဖက်အခန်းကတော့ လူမနေတော့    မယ့်အတူ ဝွန်ဘင်းအဖေကို တိုင်ပင်ပြီး အခန်းပြန်ရောင်းဖို့ လုပ်ရတော့

ဝွန်ဘင်းကတော့ ပျော်ပျော်ကြီးပဲ အဖေ့ဆီက အဆူခံပြီး ဆောင်းချန်ကတော့ တစ်နေ့တစ်ကြိမ်လောက် သက်ပြင်း ချနေရသည်

'' ဘာလို့ အတူနေချင်တာလဲ ´´
ဆောင်းချန်ရဲ့ ဒီမေးခွန်း မေးချိန်တုန်းက ဝွန်ဘင်းအတွက် အန္တရာယ်များလှသည် ..

ခက်ခက်ခဲခဲ အဖြေကို ပေးလိုက်လို့လည်းရသလို ပေါ့ပေါ့ပါးပါး ဖြေလိုက်လည်း ရသည့် မေးခွန်းပင်

'' ဒီလိုပါပဲ ကျွန်တော် တစ်ယောက်တည်း မနေချင်လို့ အထီးကျန်တယ်လေ ´´

^^ လောလောဆယ်တော့ ဒီလိုမျိုးပဲ သိထားတာ ကောင်းပါတယ် ကျွန်တော် မကြာခင်တော့ အဖြေမှန်ကို ပြောမှာပါ ..

ဦး မလန့်သွားဖို့နဲ့ စိတ်မပျက်သွားဖို့ကိုတော့ တစ်ကယ် မျှော်လင့်မိပါတယ် ^^

တစ်ခါတစ်လေကျတော့လည်း ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ရဲ့အချစ်က ရယ်စရာပဲ
ရှေ့ဆက်မတိုးသင့်မှန်းသိလျက် ရပ်တန့်ချင်စိတ်    ပြည့်နေသည့်တိုင် အမြဲ တဇွတ်ထိုးပြီး ဆက်သွားချင်စိတ်က အနိုင်ယူခဲ့လေရဲ့

You've reached the end of published parts.

⏰ Last updated: Dec 14, 2024 ⏰

Add this story to your Library to get notified about new parts!

Melting HeartWhere stories live. Discover now