~ Ep 10 ~

167 22 13
                                    

' ခဏ ဦးက ဘာမှတောင် မစရသေးဘူးလေ ´
'' အင်း သိတယ်လေ အဲ့ဒါကြောင့် မြန်မြန်စကြတာပေါ့ ´´

'' မဟုတ်သေးဘူး ချာတိတ်က လာနောက်နေပြန်ပြီ ´´

'' ကျွန်တော့်ပုံက နောက်နေတာနဲ့တူလို့လား ဦးက သေချာနားမလည်သေးတာနေမယ်

အဖေက နိုင်ငံခြားသွားရင် ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့မှာ ဦးကလည်း တစ်ယောက်တည်းနေဖို့ ပြောင်းရွှေ့မှာဆိုတော့ တူတူနေလိုက်ရင် ပြီးတာပဲမလား

ပြီးတော့ ကျွန်တော် လိုချင်တဲ့ စတူဒီယိုအခန်းကိုလည်း ဦး ဆောက်မယ့် အိမ်ရဲ့ မြေညီထပ်မှာ ထားလိုက်မယ်လေ ဘယ်လိုလဲ ´´

ဆောင်းချန်မှာ အံ့သြလွန်း၍ ဘာမှပြန်မပြောနိုင်
အခုက သူတောင် နောက်ဆုတ်ထားရသည့် အိမ်ကိစ္စကို ဝွန်ဘင်းက စိတ်ကူးနဲ့ အကုန်ဆောက်နေတာလား

ဆောင်းချန်က ဝွန်ဘင်းနဲ့ မနေချင် နေချင်တယ် အတွေးမရှိပေမယ့် နေမယ်လို့လည်း ဆုံးဖြတ်ဖို့ခက် ပြီးတော့ ဒီကောင်လေးက အတည်ကြီး ပြောနေပုံ

တစ်ယောက်တည်း .. အင်း ဝွန်ဘင်း တစ်ယောက်တည်း ကျန်ခဲ့မှာလည်း ဟုတ်တာပဲ ဆောင်းချန် တွေးစရာက ပေါ်လာလေပြီ

'' ဦး ဘာတွေတေနေတာလဲ .. ဒီနေ့အားတယ်မလား ညနေကျ မြေနေရာလိုက်ပြ ဝယ်ထားပြီးသားကို ဆောက်တော့လေဗျာ

ပြီးတော့ အလကားနေမှာမဟုတ်ဘူး အိမ်လခပေးဆိုလည်းပေးမယ် ဆောက်တဲ့အခါ ပိုက်ဆံတစ်ဝက်စိုက်ဆိုလည်းစိုက်မယ်

ကျွန်တော့်အခန်းနဲ့ စတူဒီယိုကုန်ကျစရိတ်လည်း ကျွန်တော်ပဲခံမှာ အဖေ ထုတ်ပေးထားတဲ့ ပိုက်ဆံတွေကို ဦးအိမ်အသစ်မှာပဲ သုံးလိုက်မယ်လေ

အခုလက်ရှိအိမ်ကိစ္စတော့ အဖေမသွားခင် ဘာလုပ်ရမလဲ တိုင်ပင်လိုက်မယ် ´´

ဝွန်ဘင်းက ပြောချင်ရာဇွတ်ပြောပြီး ထွက်သွားတော့ ဆောင်းချန် သက်ပြင်းချမိသည် ..

အသက်လည်းရပြီမလို့ တစ်ယောက်တည်း အေးဆေးနေဖို့လည်းရည်ရွယ်ခဲ့သလို အခုလိုကျတော့လည်း ဝွန်ဘင်းကို ခေါ်ထားဖို့ အပန်းတော့မကြီးပါဘူး ...

Melting HeartWhere stories live. Discover now