~ Ep 11 ~

113 19 10
                                    

ဝွန်ဘင်းတစ်ယောက် ဆောင်းချန်နားကပ်နေဖို့ ဆုံးဖြတ်ချက် အခိုင်အမာချပြီးပေမယ့်

'' ကောင်လေး .. ဒီလိုဆိုရင်ရော ´´
'' ဘယ်လိုလဲ ´´

'' အလုပ်ခန်းကို ဦး အိမ်မှာထားလို့ရတယ် ဒီဇိုင်းပိုင်း တိုင်ပင်တဲ့အခါ စိတ်ကြိုက်ထည့်လေ ဟို အတူတူနေဖို့ကတော့ ...

ဆောင်းချန်က ပြောရင်း ဝွန်ဘင်းရဲ့ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်တော့ ဝွန်ဘင်းက မျက်မှောင်ကြုံ့လျက် ပြန်ကြည့်လေသည်

'' သဘောက အတူတူမနေချင်ဘူး အလုပ်တော့ လာလုပ်လို့ရတယ် အဲ့လိုလား ´´

ဆောင်ချန်းက ခပ်တိုးတိုး သက်ပြင်းချလိုက်ပေမယ့် ဝွန်ဘင်း ကြားဖြစ်အောင် ကြားလိုက်သည်

အဖေက ဒီနေ့ နိုင်ငံခြားကျောင်းနှင့် စကားပြောစရာရှိနေသည်မလို့ ဝွန်ဘင်း ညစာကို ဆောင်းချန်ဆီပဲ လာစားရင်း အိမ်အသစ်အကြောင်း ဆွေးနွေးလိုက်ပေမယ့် ဆောင်းချန်ရဲ့ ဝန်လေးနေမှုကြောင့် စိတ်မကြည်တော့ပေ ...

'' အဲ့လောက်တောင် နေရခက်လို့လား ကျွန်တော်က ဦးအတွက် အမြဲ အနှောက်အယှက်ဖြစ်နေမှန်း သိပါတယ်

မရင့်ကျက်သေးတဲ့ ကလေးသာသာလို သတ်မှတ်ခံထားရတာလည်း သိတယ် ဒါပေမယ့် ... ´´

ဝွန်ဘင်း ဆက်ပြီးပြောဖို့ စကားထွက်မလာနိုင် ..
ဆောင်ချန်းက သူ့ကို အကြည့်ချင်းမဆုံအောင် ရှောင်ရင်း ဟင်းတွေကို ဟိုဆွ ဒီဆွ လုပ်နေလျက် ...

ဝွန်ဘင်း တူကို အသံမြည်အောင် စားပွဲပေါ် ဖိချရင်း ဆောင်းချန်အိမ်ကနေ ထွက်လာလိုက်သည်

အိမ်ရောက်တော့ အဖေက ဧည့်ခန်းမှာ လက်ပ်တော့ တစ်လုံးနှင့် ဆွေးနွေးတာမပြီးသေးသည်မလို့ ဝွန်ဘင်း အိပ်ခန်းထဲ ဝင်ပြီး ကုတင်ပေါ်လှဲချလိုက်ပြီး

အနာကျင်ရဆုံးက ကိုယ်ချစ်တဲ့သူက ကိုယ့်ကို မလိုအပ်တာပဲ ... တွေးကြည့်တော့လည်း လိုအပ်စရာ အကြောင်းမှမရှိတာ ...

ဝွန်ဘင်း ဟက်ခနဲ ရယ်ရင်း မျက်လုံးများကို ဇွတ်မှိတ်လိုက်သည် .. အစာမရှိတဲ့ ဗိုက်က ဂွီခနဲမြည်ချိန် ဖုန်းကလည်း လင်းလာလျက် ..

Melting HeartWhere stories live. Discover now