'' ချာတိတ် … ဦး ဒီနေ့ နည်းနည်းနောက်ကျမှာမလို့ ကိုယ့်ဘာသာ ပြန်လာနော် .. အိမ်ထဲဝင်ထိုင်နေ ...
ရေခဲသေတ္တာထဲမှာ စားချင်တာယူစား ပြန်လာမှ တစ်ခုခု ချက်ပေးမယ် စျေးဝင်ဝယ်မှာမလို့ စားချင်တာရှိရင် စာပို့ထားနော် ´´
Break time ရောက်တော့ ဝွန်ဘင်းဖုန်းဖွင့်ကြည့်တာနဲ့ ဆောင်းချန်ရဲ့စာဝင်နေသည် …
^^ သူ့အိမ်ဝင်ပြီးရင် မွှေချင်ရာမွှေနေတာပဲကို ဟိုဟာ ဒီဟာ ပြောနေသေး ^^
'' ရတယ် ကြိုက်တာဝယ်လာပြီး ကြိုက်တာသာချက်တော့ အေးဆေးပြန်လာပါ .. ဦး ´´
ဝွန်ဘင်း စာပြန်လိုက်သည် ..
ကျောင်းဆင်းပြန်လာတော့ ဝွန်ဘင်းက ဆောင်းချန်အိမ်ကို မဝင်ဘဲ အိမ်မှာသာ ဝင်ခွေနေလျက် ..
'' ဝွန်ဘင်းနီ ဦး ပြန်ရောက်ပြီ ´´
ဆောင်းချန်က တံခါးဖွင့်ဝင်လိုက်ပြီးတာနဲ့ ဝွန်ဘင်းကို ခေါ်ပြောပေမယ့် ဘာသံမှမကြားရ ...
'' ဒီကလေးကတော့လေ .. ´´
ဝွန်ဘင်းက နဖူးပေါ် လာထိတင်ထားသော လက်ကြောင့် အိပ်မပျော်တပျော် ဖြစ်ရာမှ နိုးလာပြီး မျက်လုံးဖွင့်ကြည့်မိတော့ ဆောင်းချန် ...
'' ကျွတ် ကျွတ် ဖြည်းဖြည်းထ ´´
ဆောင်းချန်ကပြောပြီး ဝွန်ဘင်းရဲ့ မျက်ခုံးနှစ်ဖက်ဆုံရာ နဖူးအလယ်လေးကို လက်မနှင့် နှစ်ချက်လောက် ပွတ်ဆွဲပြီး ပြောလိုက်သည် ...
'' ဘာလို့ အိမ်ကိုမလာတာလဲ ´´
'' ပိုင်ရှင်မရှိတဲ့အိမ်ကို ဝင်မနေချင်လို့ပါ ´´'' အမယ်လေး ကိုကြီးကျယ်လေး ´´
'' နောက်တာပါ ဒီတိုင်း ´´'' ပိစိ .. ´´
ဆောင်းချန်ကခေါ်တော့ ဝွန်ဘင်းက ဆောင်းချန်ကို ပြန်ကြည့်ပေမယ့် မျက်လုံးချင်းမဆုံအောင် ရှောင်လိုက်ပြီး
'' ကျွန်တော် ပိစိမဟုတ်ဘူး ရေချိုးလိုက်ဦးမယ် .. ဘာချက်ကျွေးမှာလဲ ´´
'' ခေါက်ဆွဲပဲကြော်လိုက်မယ် .. ဟျောင်း ပြန်လာလည်း စားလို့ရအောင် ´´
