~ Ep 9 ~

117 25 16
                                    

'' ဟေ့ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ပရော်ဖက်ဆာအချိန်ပဲ လူပျိုကြီးတဲ့နော် ´´

'' အေး ကျောင်းမတက်ခင်ကတည်းက သူနာမည်ကြီးကြောင်း သိနေရတာ စာသင်ချိန် ဘယ်လိုနေမလဲပဲ ´´

ဝွန်ဘင်းက ဘေးဘီက ကြားနေရသည့် ပြောစကားတွေကို မျက်ခုံးအသာပင့်လျက် နားထောင်ရင်း ဆောင်းချန်စာသင်ချိန်ကို ကိုယ်တိုင်လည်း စိတ်လှုပ်ရှားမိ

'' မင်္ဂလာပါ ဆရာက ဆောင်ချန်းပါ တွေ့ရတာဝမ်းသာပါတယ် .. ပထမနှစ်က ကလေးတွေကတော့ လန်းဆန်းတက်ကြွနေကြတာပဲ ´´

ဆောင်းချန်ရဲ့ ခန့်ညားမှုနဲ့ရင့်ကျက်တည်ငြိမ်မှုကြား ထိုးထွက်လာသည့် သာယာသည့်အသံခပ်အေးအေးကြောင့် အတန်းထဲက ကျောင်းသားတွေ အကုန် တိတ်ဆိတ်လျက် ..

^^ လူတစ်ယောက်က အဲ့လောက်တောင် ဆွဲဆောင်မှု ရှိရသလားလို့ မင်းတို့တွေးကုန်ကြပြီမလား .. ဒါပေမယ့် ဘယ်လိုလုပ်မလဲ အဲ့ဒီလူကြီးက ငါ့အပိုင်လေ

အခုတော့မဟုတ်သေးပေမယ့် အနာဂတ်မှာပေါ့ အခုလည်း ငါပိုင်ပါတယ် အပြည့်အဝ မသက်ဆိုင်သေးတာမျိုးပါ ^^

ဝွန်ဘင်းက နှစ်လိုဖွယ်ပြုံးလိုက်ပြီး ဆောင်းချန်ကို စိုက်ကြည့်နေလိုက်သလို

ဆောင်းချန်ရဲ့ အကြည့်တို့ကလည်း တစ်တန်းလုံးက ကျောင်းသားတွေကို ခြုံကြည့်နေရင်း    ဝွန်ဘင်းကိုတွေ့တော့ ရပ်တန့်သွားသည် ..

ဆောင်းချန်က ခေါင်းညိတ်လိုက်ပြီး အင်္ကျီလက်ရှည်ကို အနည်းငယ်ခေါက်တင်ကာ ချောင်းဟန့်ရင်း

ပထမနေ့ရဲ့ တွေ့ဆုံမှုကို သူ့ကိုယ်သူမိတ်ဆက်ရင်း စိတ်ဝင်စားဖွယ်အကြောင်းအရာတို့နှင့် ဆွဲခေါ်နေလျက် ...

'' ချာတိတ် ကန်တင်းမှာ ထမင်းအတူတူစားမလား break time ကျရင် ´´
'' ဟုတ် ဘယ်ကိုလာရမလဲ ´´

'' ဦး အတန်းရှေ့ ပြန်လာခဲ့မယ် နောက်အတန်းက ဒုတိယနှစ်ဆိုတော့ အဆောင်​ကူးရမှာမလို့ ခဏတော့စောင့်နော် ´´
'' ဟုတ်ကဲ့ပါ ´´

ဝွန်ဘင်းက ဆောင်းချန်ရဲ့အတန်းချိန်ပြီး နောက်တစ်ချိန်ကူးတာတောင် သတိတရစာပို့လာသည်
ကြောင့် ပျော်ရွှင်လျက် ...

Melting HeartWhere stories live. Discover now