~ Ep 8 ~

150 22 4
                                    

ကျွန်တော် အထက်တန်းတတိယနှစ်ကို ကြိုးစားဖြတ်သန်းပြီး ဘွဲ့ရ တစ်နှစ်ကျော်ကြာချိန်အပြီးမှာ တက္ကသိုလ်မြေကို စနင်းရလေပြီ ...

ဦးက ပထမဆုံးနေ့မလို့ ကျောင်းအထိ လိုက်ပို့ပေမယ့် ဒီနေ့က သူ ကျောင်းမှာထိုင်မည့်ရက်မဟုတ် ဆေးရုံမှာ ကိစ္စရှိလို့ ပြန်သွားလေသည် ..

'' ချာတိတ် ညနေ ကိုယ့်ဘာသာ ပြန်နိုင်လား ဦးက ပွဲတစ်ခုရှိလို့ နောက်ကျမှာ ´´

'' ရတယ် အဖေက သူလာခေါ်ပေးမယ်တော့ပြောတယ် ဖုန်းဆက်ကြည့်လိုက်မယ် ´´

'' ဟုတ်ပြီ ဒါဆိုကောင်းတာပေါ့ good luck နော် uni first day အတွက် ´´

'' ဟုတ် ကားကိုဂရုစိုက်မောင်းပါ ဦး ´´

ဝွန်ဘင်းက ပျင်းတွဲတွဲဖြင့် လမ်းလျှောက်နေရင်းမှ နောက်ကနေ ဆောင်းချန်က ကားပေါ်က ဆင်းပြီး ပြေးလိုက်လာပြန်သည်

'' ကားသွားထိုးပြီးမှ ပြေးလာတော့ လွဲတော့မယ်ထင်တာ ဒီနားပဲရှိသေး ချာတိတ် လမ်းလျှောက်တာ ဘယ်လိုလျှောက် ´´

'' ဟင် ဘာဖြစ်လို့ လိုက်လာတာလဲ ဦး ´´

'' အခန်းထိလိုက်ပို့မလို့ နောက်မှ အကုန်လည်အောင် ပတ်ကြည့်ထား ပထမနေ့မှာ ပျောက်နေမှာစိုးလို့ ´´

'' ဟာဗျာ အဆောင်နဲ့နံပါတ်တွေရှိတာပဲ ကျွန်တော် ကလေးမှမဟုတ်တာ ´´

ဆောင်းချန်က ဝွန်ဘင်းရဲ့ ခေါင်းကိုပုတ်ပြီး ရယ်လျက် လွယ်အိတ်ကို ဆွဲခေါ်သွားသည် ..

'' အတန်းပိုင် ဘယ်သူပါလိမ့် ´´
'' အတန်းပိုင်နဲ့ပါ အပ်မလို့လား ဒါ မူလတန်းကျောင်းမဟုတ်ဘူးနော် ´´

'' မရောက်သေးတာထင်တယ် မနက်ဖြန်မှ မေးမြန်းပြီး အပ်တော့မယ် ဟိုးနောက်ဆုံးမထိုင်နဲ့ ရှေ့နားမှာထိုင် မြင်ရတဲ့နေရာမှာ ´´

ဝွန်ဘင်းက နောက်ဆုံးချောင်မှာကပ်ပြီး အိပ်တော့မလို့လေ .. ဘာတုန်း ရှေ့ထိုင်ခိုင်းတာ

'' သွားပါတော့ ကျွန်တော် ကြည့်ထိုင်လိုက်မယ် ´´
'' ဟုတ်ပြီ သူငယ်ချင်းသေချာကြည့်ပေါင်း ´´

ဆောင်းချန်က လှည့်ထွက်သွားပြီမှ ပြန်လှည့်လာပြန်သည် ..

'' ကလေး မုန့်ဖိုးရော ပါလား ´´
'' ပါတယ် ပါတယ် သွားတော့ နော် ´´

Melting HeartWhere stories live. Discover now