'' ပတ်ဝွန်ဘင်း ´´
ဆောင်းချန်က ဆရာ့ကိုခွင့်တောင်းဝင်လာပြီး ဝွန်ဘင်းကို ခေါ်လိုက်တော့ ဆောင်းချန်ကို မော့ကြည့်သည့် ဝွန်ဘင်းမျက်နှာက အထိုးခံထားရပြီး ဒဏ်ရာရှိလျက် ..
'' ဘယ်သူလဲ ဘယ်သူက ငါ့ကလေးကို ထိတာလဲ ´´
ဝွန်ဘင်းက ခုံနောက်ကို မှီထိုင်လိုက်ပြီး ခြေထောက်ကို နှံ့နေလိုက်ကာ ပြုံးလျက် ..
ဆူဖို့ရောက်လာပေမယ့် ဝွန်ဘင်းထိခိုက်တာ မြင်ရတော့ ဆောင်းချန် သောင်းကျန်းတော့မတတ် အော်လိုက်သံကြောင့် ဆရာတွေရော တစ်ဖက်က ရန်ဖြစ်သည့်ကောင်တွေရော လန့်သွားသည်
'' ဘာဖြစ်တာလဲ ချာတိတ် ´´
'' ဟိုဘက်ကကောင်တွေ ကျွန်တော့်ကို အမေ မရှိလို့ ဘာဖြစ် ညာဖြစ် လာစော်ကားနေလို့ ကျွေးလိုက်တာ´´
ဝွန်ဘင်းကဖြေတော့ ဆောင်းချန် တစ်ဖက်က ကျောင်းသားတွေကို သေချာကြည့်လိုက်သည်
ဝွန်ဘင်းလက်ဆကတော့ မသေးပုံ .. ဖူးရောင်ကြလျက် ..
'' သူတို့မိဘတွေ ဘယ်မှာလဲ မလာသေးဘူးလား ´´
ဆောင်းချန်က ဝွန်ဘင်းအတန်းပိုင်ကိုမေးနေရင်းပင် ...
လာပါပြီ စွာကျယ်ကျယ် မိန်းမကြီးတွေ ..
သူတို့သားလေးတွေ ထိခိုက်လို့ အော်ဟစ်ပြီး ရင်ထုပြနေကာ အမြင်ကတ်ဖွယ် ..
ဆောင်းချန်က ပြောရမည့်စကားလုံးများကို ခေါင်းထဲမှာစီတန်းနေတုန်း ဝွန်ဘင်းကတော့ သူပွဲကြည့်လှည့်မလို့ အေးဆေးစွာ ..
'' ဒီမှာ ပတ်ဝွန်ဘင်းဆိုတဲ့ကျောင်းသား ..
တစ်ဖက်က ဆရာမကြီးတွေ စကားမစခင်ပင် ဆောင်းချန်က ထိုင်နေသည့် ဝွန်ဘင်းရှေ့ ပိတ်ရပ်လိုက်ပြီး ..
'' ကျေဇူးကြီးမားလှသောမိခင်တို့ ..
ကျွန်တော်က ပတ်ဝွန်ဘင်းရဲ့ အုပ်ထိန်းသူ ဂျောင်ဆောင်းချန်ပါ တွေ့ရတာတော့ ဝမ်းသာစရာမရှိပါဘူး
မိခင်တို့ရဲ့ ဆိုဆုံးမမှုနဲ့ လိမ္မာလွန်းလှတဲ့ သားလေးတွေက သူများ အဖိုးတန်သားလေးရဲ့ ပုဂ္ဂိုလ်ရေးကို လာထိခိုက်စော်ကားပြီး အာချောင်နေတာကို အရင် ဖြေရှင်းကြပါ
