~ Ep 7 ~

129 24 11
                                    

'' ဘာဖြစ်လို့လဲ ချာတိတ် ဦးက အဲ့လောက်တောင် ကြည့်ကောင်းနေတာလား ´´

ဝွန်ဘင်းက ရှေ့ကိုတည့်တည့်ပြန်လှည့်လိုက်ပြီး မသိချင်ယောင်ဆောင်တော့

'' ဦးကို ပြောစရာရှိလို့လား သက်ပြင်းတွေကလည်းချလိုက်တာ အသက်ကဖြင့် ပိစိကို ဘာတွေများ တွေးလိုက် မောလိုက် ဖြစ်နေတာလဲ ´´

'' ဒီလိုပါပဲ စိတ်ကင်ဆာလေးပေါ့ ´´
''ဟာ .. ပြောပြလေ ဦး နားထောင်ပေးမယ် ´´

'' ရပါတယ် ကားပဲ ဂရုစိုက်မောင်းပါ ကျွန်တော်အိပ်ပြီ မနှိုးနဲ့နော် ´´

'' အိပ်ပါဗျာ ဒါဆိုလည်း ´´

ဆောင်းချန်က ကားထဲက အဲကွန်းလေကို နည်းနည်းလျှော့လိုက်ပြီး သီချင်းသံခပ်တိုးတိုး ဖွင့်ပေးရင်း ဝွန်ဘင်းကို ကြည့်လိုက်သည် ..

'' ကလေး စောင်အပါးလေး နောက်မှာ လိုရင် လှမ်းယူလိုက် ´´
'' ရတယ် ဒီတိုင်းအိပ်မယ် ´´

ဝွန်ဘင်းက မအိပ်ချင်သည့်တိုင် ဆောင်းချန်ကို ထပ်ပြီး မငေးမောချင်၍ တစ်ဖက်သို့စောင်းကာ လက်ကိုပိုက်ရင်း မျက်လုံးတွေ မှိတ်လိုက်သည် ..

မှေးခနဲဖြစ်လိုက် ပြန်နိုးလိုက်နှင့်တင် အိမ်ရောက်လာခဲ့ပြီး ပုံမှန်ဆို စကားတွေပြောရင်း တက်ကြွနေရမှာပေမယ့် ဝွန်ဘင်းမှာ အတွေးများလွန်းနေသည်

'' ကောင်းကောင်းအနားယူပါ ဦး ´´
'' ကလေးလည်း သေချာအိပ်လိုက်ဦး ´´
'' ဟုတ် ´´

ဆောင်းချန်က ဝွန်ဘင်းကို အိမ်ထဲထိ လိုက်ပို့ပြီး အဖေနဲ့စကားခဏထိုင်ပြောကာ ပြန်သွားသည် ..

ပိတ်ရက် ညနေဘက်မလို့ အဖေက ရှိနေ ..

ဝွန်ဘင်းလည်း လန်းသွားအောင် ရေချိုးလိုက်ပြီးနောက် အဖေ့နားထိုင်ရင်း

'' ကျွန်တော် တက္ကသိုလ်အတွက် မေဂျာရွေးထားပြီးပြီ အဖေ ´´
'' ဟာ ဟုတ်လား ဘာတက်ချင်တာလဲ ငါ့သားက ´´

'' ကျွန်တော် ဘာဖြစ်ချင်တာလဲ ကျွန်တော့်အိပ်မက်က ဘာလဲ အဖေသိတယ်မလား

ကျွန်တော်က ပညာရေးပိုင်းကို အဖေတို့လို ထူးချွန်အောင်လုပ်ဖို့တော့ အတွေးမရှိဘူး ´´

Melting HeartWhere stories live. Discover now