အပိုင်း (၅)

99 3 0
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၅)

ဒဏ်ရာတွေ🎼 ထားခဲ့ရက်တယ်နော်...
နင်ပြောင်းလဲတတ်တယ်နော်...🎼 ငါချစ်ခဲ့သမျှ ငါ့အားနဲချက်ကို မင်းကသိနေတော့... ငါရင်ကွဲခဲ့ရတယ်🎼 ကြာရင်မေ့လို့သွားမယ်ထင်ခဲ့တော့🎼...

ပုံပြင်တွေ ပြောသွားခဲ့တယ်နော်🎼... နင်ရက်စက်လွန်းတယ်နော်... ငါချစ်ခဲ့သမျှ🎼 ငါရူးခဲ့သမျှကို🎼 မင်းအသုံးချနေတော့... ငါရင်ကွဲခဲ့ရတယ်🎼 ငါကြေကွဲခဲ့ရတယ်နေ့တိုင်းပေါ့🎼...

ငြိုငြင်သူက🎼 မုန်းရင်မုန်းမှာပေါ့... ဒါပေါ့🎼
မလိုချင်သူက မေ့ရင်မေ့မှာပေါ့ ဒါပေါ့🎼
🎼လိမ်ညာသူကထားခဲ့ရက်တာ ပိုင်ဆိုင်ချင်လို့စွဲထားခဲ့တာ🎼 အပြစ်လား?

ပျော်စရာမရှိတော့တဲ့မုသားပါ🎼 နှလုံးသားအား ကုစားပါ... မင်းမရှိတဲ့ဒီဘဝမှာ🎼 မပျော်ဘူး... ငါဟာ🎼 အမှတ်မရှိတဲ့လူသားပါ မင်းလေးပဲလိုအပ်တာ🎼... အားငယ်ချိန်တိုင်းမှာ🎼

အကြင်နာကင်းမဲ့တဲ့မုသားပါ🎼 နှလုံးသားအား ပြုစားထား မင်းမရှိတဲ့ဒီဘဝမှာ🎼 မပျော်ဘူး...🎼
ငါဟာ🎼 အမှတ်မရှိတဲ့လူသားပါ မင်းလေးပဲလိုအပ်တာ အားငယ်ချိန်တိုင်း မင်းတစ်ယောက်တည်းလိုတာ...🎼

ဂွပ်!...
ဖန်ခွက်သေးသေးလေးကို ကောင်တာပေါ်စောင့်ချလိုက်တဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။

“နောက်တစ်ခွက်...”

အဆိုတော်ယွန်းမြတ်သူနဲ့သရဖီရဲ့သီချင်းသံက နားထဲတိုးဝင်လာ၏။ ပုံမှန်ဆို သူတို့ဘာသာဘာဖွင့်ဖွင့်အကြောင်းမရှိပေမယ့် ခုလို လတ်လတ်ဆတ်ဆတ်အသဲကွဲထားတဲ့သူအဖို့ ထိုသီချင်းက နားကလောစရာပင်။

ဖွင့်ပါလား? ဒုန်းဒုန်းဒိုင်းဒိုင်း rap စာသားတွေ၊ hip hop သံစဉ်တွေ။ နာမည်ကြီးဘားလုပ်နေပြီး အနောက်တိုင်းသီချင်းတွေမဖွင့်ဘဲ အသဲကွဲသီချင်းတွေလာဖွင့်နေတာ။

လူကို နောက်စရာများမှတ်နေကြသလား?

လေးတွဲတွဲအသံနဲ့အတူ လက်ချောင်းသွယ်သွယ်လေးတွေထဲက လက်ညှိုးတစ်ချောင်းထောင်ကာပြောလာသည့်မိန်းကလေးကိုကြည့်ရင်း အရက်စပ်နေသော waiter ကောင်လေးက ခေါင်းကုပ်သည်။ သူ့မှာ ပိုက်ဆံလိုလို့ ရရာအလုပ်ဝင်လုပ်နေရပေမယ့် ဆိုင်လာပြီး မူးကြကွဲကြဖောက်သည်တွေကြောင့် မန်နေဂျာဆီ လိုက်ရှင်းရတဲ့ပေါင်းလည်းမနဲ။

My Stalker (မင်းရဲ့အရိပ်ကလေး)Where stories live. Discover now