My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၃)ညှို့သတိရလာတော့ ညှို့က ကွန်ဒိုကိုပြန်ရောက်နေပြီဖြစ်သည်။ မနက်လင်းထင်းနေပြီဖြစ်တဲ့အပြင် သူမကွန်ဒိုမှာ နီလာရော၊ မိုးသားလွှမ်းပါ ရှိနေကြသည်။ ကွန်ဒို Passward ကို နီလာကသိထားပြီးသားမို့ ဒီကိုပြန်ခေါ်လာတာဖြစ်လိမ့်မည်။
“နင် အဆင်ပြေရဲ့လားဟင်ညှို့... ငါ နင့်ကိုစိတ်ပူနေတာ....”
တကယ်စိုးရိမ်နေတဲ့မျက်နှာနဲ့ နီလာကမေးလာတော့ ညှို့ခေါင်းညိမ့်ပြရသည်။ မနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို ညှို့ဖြင့် ခုချိန်ထိမယုံနိုင်သေးပေ။
ကံကောင်းထောင့်မလို့အသက်မသေခဲ့ပေမယ့် ကတ်သီးလေးလွတ်လာခဲ့သည်ကိုတော့ ညှို့ကိုယ်တိုင်သာသိသည်။
နောက်ပြီး ပိုင်ပိုင်က သတိလစ်နေတဲ့ညှို့ကို ပစ်မထားဘဲ ကယ်ထုတ်လာခဲ့တာမို့ ညှို့အခုလို စကားပြောနိုင်၊ နိုးထလာနိုင်သေးတာ။ ပြန်တွေးမိတော့ တုန်လှုပ်စိုးထိတ်မှုကြီးကခုထိမပြေ။“ရော့!..”
ညှို့နဲ့နီလာပြောနေတဲ့စကားဝိုင်းကို ဝင်မပါပေမယ့် ညှို့မျက်နှာလေးပျက်နေတာမြင်တော့ မိုးသားလွှမ်းကအလိုက်တသိ ရေခတ်တိုက်သည်။နီလာက ညှို့အိပ်ယာဘေးက ထိုင်ခုံပေါ်မှာထိုင်နေတာဖြစ်ကာ ညှို့က ကုတင်ပေါ်မှာထိုင်၍ ပြောနေကြတာဖြစ်သည်။ မိုးသလွှမ်းက နီလာဘေးကခုံမှာထိုင်နေပေမယ့် ညှို့တို့ပြောသမျှ သူနဲ့မဆိုင်သလို ခပ်တည်တည် သူ့ဖုန်းသူနှိပ်နေသည်။
ထိုပုံစံက အရင်ဆို ညှို့မျက်စိထဲခိုးလိုးခုလု ဆံပင်မွှေးစူးစရာပေမယ့် ခုတော့ ထိုသို့မမြင်တော့ပေ။ ခုဆို သူက ညှို့ရဲ့အသက်သခင် ကျေးဇူးရှင်ဖြစ်နေလေပြီ။
“ ညက ဘယ်လိုဖြစ်တာလဲ? ငါတို့ဘယ်လိုပြန်ရောက်လာတာလဲ?”
ညှို့ကိုစောင့်ရင်း တစ်ရေးမှမအိပ်ရသေးတဲ့နီလာက မျက်နှာလေးနွမ်းနေသည်။ သို့ပေမယ့် ညှို့သတိရလာတာကိုပင် ပျော်နေပုံရကာ...
“ရုပ်ရှင်ရုံရဲ့ဘေး နှစ်ဝန်းကျော်က စားသောက်ဆိုင်က ဂတ်အိုးပေါက်ပြီးလောင်တာ။ မီးကအတော်ကြီးတယ်။ ငါလည်း နင်တို့ရှိလို့အထဲဝင်မလို့ဘဲ။ မရဘူး။ ရုံပေါက်စောင့်တဲ့လုံခြုံရေးတွေက အတင်းဆွဲခေါ်ပြီး ဘေးကင်းတဲ့နေရာမှာထားထားလို့...”
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး)
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...