အပိုင်း (၃၀)

484 12 1
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၀)

ညှို့တို့ အထဲပြန်ဝင်လာတော့ အကယ်ဒမီပေးပွဲက စတင်နေပြီဖြစ်သည်။ အရင်ဆုံး ဇာတ်လမ်းဆုကို ဖွင့်ဖောက်ကြေညာနေ၏။

ညှို့လက်ဖျားလေးတွေ အေးစက်နေတာကို သတိထားမိတဲ့သူက...

“ရင်ခုန်နေတာလား?”

“အင်း...”

ရင်ခုန်မှုမြင့်အောင် စင်အောက်ကမီးအားလုံးကိုမှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်လျက် စင်ပေါ်မှာသာ စလိုက်မီးထိုးထားတာကြောင့် အောက်ဘက်တွင် အလင်းရောင်သဲ့သဲ့သာရှိသည်။

မီးရောင်ဖျဖျအောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စကားပြောနေရခြင်းကလည်း အနည်းငယ် ရင်ဖိုစရာတော့ကောင်းသည်။

သူက အနည်းငယ်အေးစက်နေသော ညှို့လက်ဖဝါးလေးတွေကို သူ့လက်ခပ်ကြီးကြီးဖြင့် ဆုပ်ကိုင်ထားပေးရင်း...

“အရမ်းစိတ်လှုပ်ရှားမနေနဲ့... မင်း ဒီဆုကို ရမှာပါ...”

သူမျက်နှာက တည်ကြည်သလို စကားသံက တည်ငြိမ်၏။ သူညှို့ကို နှစ်သိမ့်ပေးနေတာမှန်းသိပေမယ့် ညှို့ သူ့စကားကို ယုံကြည်နေမိသည်။

ဒီရက်တွေ ညှို့ ဘယ်လိုနေထိုင်ခဲ့နေထိုင်ခဲ့၊ ညှို့မသိစိတ်ထဲကနေတော့ သူ့ကို ယုံကြည်ကိုးစားနေခဲ့မိ၏။

“ညှို့ ဒီဆုကိုရမယ်လို့ မောင်ထင်လား?”

သူက ခန့်မှန်းရခက်သလို ခပ်လွန့်လွန့်ပြုံးသည်။

“အဟွန်း... သေချာပေါက်ပေါ့။ မင်းမှမထိုက်တန်ရင် ဒီဆုက ဘယ်သူနဲ့မှမထိုက်တန်ဘူးလမင်း...”

ဟုတ်ပါ့မလား?
မဟုတ်ရင်တောင် ညှို့ကတော့ မောင့်ကိုယုံပါသည်။ မောင့်ကြောင့် စိတ်တွေလည်း ပြန်တည်ငြိမ်လာ၏။

ဘယ်လောက်ကြိုပြင်ဆင်လာလာ တကယ်လက်တွေ့ဖြစ်လာတော့ ညှို့ ရင်ခုန်သည်။ ညှို့လည်း လူသားတစ်ယောက်ပဲမဟုတ်လား?

ခံစားချက်ကင်းမဲ့နေတာမဟုတ်သရွေ့ လူတိုင်းမှာ အတ္တကိုယ်စီတော့ ရှိကြသည်။ နဲတာနဲ့များတာ၊ မြင်အောင်ထုတ်မပြတာနဲ့ လူတွေရှေ့ ပေါက်ကွဲပြတာ...

My Stalker (မင်းရဲ့အရိပ်ကလေး)Where stories live. Discover now