My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၈)(18+ ဆန်တဲ့ အသုန်းအနှုန်း အပြောအဆို အနည်းငယ် ပါဝင်နိုင်ပါသည်။ ဇာတ်လမ်းအရထည့်ထားပေမယ့် အတတ်နိုင်ဆုံး မရိုင်းအောင်ရေးပေးထားပါတယ်ရှင့်...)
ဆူညံတဲ့တီးလုံးသံတွေက ကလပ်ရဲ့နေရာအနှံ့မှာ ပျံ့လွင့်လို့နေသည်။ မျက်လုံးတွေမှေးစင်းထားတဲ့သူက ရမ်တစ်ပုလင်းနဲ့ ကလပ်ရဲ့ထောင့်အချဆုံးဝိုင်းမှာထိုင်ကာ လက်ထဲမှာလည်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေ၏။ ဘေးမှာ အမျိုးသမီးတစ်ဦးကလည်း သူ့ရင်ခွင်ထဲ ဝင်ရောက်လုမတတ်နဲ့အနေအထားနဲ့။
အချစ်တို့ အခန်းထဲမသွားဘူးလား?
ထိုအမျိုးသမီးငယ်မေးတဲ့မေးခွန်းကို သူကအဖက်မလုပ်။ သူ့မျက်လုံးတွေက ဖုန်းစခရင်ပေါ်မှာသာအကြည့်ပို့ပြီး သူ့လက်တွေက ဖုန်းမျက်နှာပေါ်ရွေ့လျားရင်း ရှိနေတဲ့ဓာတ်ပုံတွေကို တစ်ပုံပြီးတစ်ပုံထောက်ကြည့်နေသည်။
ဤသည်မှာ လက်တလောဟစ်ဖြစ်နေသည့် မင်းသမီးညှို့လမင်းနဲ့ အမျိုးသားတစ်ဦးတို့အကြောင်း။
mask.တပ်ထားသော်ငြား ချောမောကြည့်ကောင်းတဲ့သွင်ပြင်ရှိသည့်ထိုအမျိုးသားကို ညှို့လမင်းရဲ့လက်ရှိချစ်သူအဖြစ် အားလုံးက ထင်းကြေးပေးနေကြသည်။ အေးစက်စက်မျက်နှာထားဖြင့်သူက ဖုန်းကိုပိတ်ကာ အင်္ကျီအိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။
သူ့မျက်နှာက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကြည်နူးမှု၊ ဒေါသထွက်မှု အလျဉ်းကင်းကာ ရေသေလိုတိမ်ငြိမ်နေလျက်။
ထို့နောက် အရက်ခွက်ကိုကိုင်ကာ လှုပ်ခါရမ်းလိုက်ပြီးမှ ပါးစပ်ထဲကောက်မော့ပစ်သည်။ ကလပ်မီးသီးတွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့အပြင် သူကထောင့်ကျတဲ့နေရာမှာထိုင်နေတာကြောင့် မျက်နှာကို သေချာမမြင်ရ။ သို့ပေမယ့် တစ်ချက်တစ်ချက် မျက်နှာပေါ်ကိုဖြတ်ပြေးသွားသောစလိုက်မီးသီးတွေက ပီရိသေသပ်သောမျက်နှာကျထောင့်ချိုးကိုဖော်ပြနေကာ သူကရုပ်ရည်ချောမောပြီး ကြည့်ကောင်းတဲ့ယောက်ျားတစ်ယောက်ဆိုတာကို ပုံရိပ်ထင်စေသည်မို့ ဘေးကအမျိုးသမီးမှာ ရင်တွေ ဝုန်းဒိုင်းကြဲဆိုသလို ခုန်နေရသည်။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး)
Roman d'amourခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...