အပိုင်း (၁၆)

268 7 0
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၆)

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့။
ဝါလကင်းလွတ်၊ သတင်းကျွတ်ဆိုတဲ့ ဆိုရိုးနဲ့အညီ မြန်မာနိုင်ငံတွင် ကျောင်းကန်ဇရပ်တွေကိုသွားကာ ဥပုသ်သီလယူတဲ့ရာသီက ကုန်ဆုံးသွားလေပြီ။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ထုံတမ်းစဉ်လာအယူအရ သီတင်းကျွတ်လပြည့်နေ့က နေ့ထူးနေ့မြတ်တွေထဲမှ တစ်ရပ်အပါအဝင်ဖြစ်လေသည်။

ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက နတ်ပြည်မှာရှိသည့် အတိတ်က မွေးမိခင်ဖြစ်ခဲ့ဖူးသောမယ်တော် မိနတ်သားအား ကျေးဇူးဆပ်ရန် ဝါတွင်းသုံးလတရားဟောကြားပြီး လူ့ပြည်ကိုပြည်လည်ဆင်းသက်တော်မူလာတဲ့ အခါသမယလည်းဖြစ်လေရာ ထိုနေ့၌ နတ်ဗြဟ္မာတို့က ရွှေဆောင်းတန်း၊ ငွေဆောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ ဆောင်းတန်းသုံးသွယ်ဖန်ဆင်းကာ မြတ်စွာဘုရားကို ကြည်ညိုလေးစားကြောင်းပြသခဲ့ကြသည်။

ထို့အတူ လူသားတို့ကလည်း အလင်းရောင်ထိန်ထိန်ညီးတဲ့ ဆီမီးတွေဖြင့် ကပ်လှူပူဇော်၍ ကြိုဆိုခဲ့ကြသည်။

မြန်မာပြက္ခဒိန်ရဲ့ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့၌ ထိုဆီမီးပူဇော်သည့်အလေ့အထဟာ ယနေ့အချိန်အခါအထိရှိနေလေရာ ညှို့တို့ကွန်ဒိုတစ်ထပ်လုံး လျှပ်စစ်မီးရောင်ကင်း၍ ဆီမီးတွေ၊ မိုးပုံးလေးတွေဖြင့် ထိန်ထိန်ညီးကာ အလှဖျာလို့နေသည်။ ညှို့တို့ကွန်ဒိုမှမဟုတ်။ မြန်မာနိုင်ငံရှိ မြို့တိုင်း၊ ပြည်နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းတိုင်း ဆီမီးအရောင်တို့ဖြင့် သီတင်းကျွတ်ပွဲတော်မှာ မြိုင်ဆိုင်လှသည်။

ဆီမီးတစ်ထောင်ပူဇော်ပွဲ၊ ကျောင်းစုံညီပွဲ၊ ဘုရားပွဲ စသည်ဖြင့် ပွဲတော်များလည်းများလှပေရာ ဗျောက်အိုးဖောက်သံ၊ ပုရိတ်တရားရွတ်သံ၊ ရပ်ကွက်ဓမ္မာရုံမှ ဓမ္မစက်ကြာတရား ရွတ်ဖတ်ပူဇော်သည့်အသံတို့က လမ်းကြိုလမ်းကြားပါမကျန် ရပ်ကွက်ထဲလွှမ်းခြုံနေလေသည်။

ညှို့တို့ကွန်ဒိုက စိတ်ငြိမ်ခြံဝန်းကြီးမို့ ထိုကဲ့သို့အသံတွေမရှိသော်ငြား ဖွားခေါ်၍ မန္တလေးကို ဒီအချိန်နှစ်တိုင်းပြန်နေကြမို့ ရိုးရာတွေ၊ ပွဲတော်နွှဲပုံတွေကို သိနေလေသည်။

My Stalker (မင်းရဲ့အရိပ်ကလေး)Where stories live. Discover now