My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄)
“ကျစ်! ခုချိန်ထိမလာသေးဘူး...”ချိန်းထားပြီးပေါ်မလာသေးတဲ့သူငယ်ချင်းကြောင့် ညှို့မှာ ရုပ်ရှင်ရုံရှေ့မှာ လည်ပင်းတမော့မော့ဖြစ်နေရသည်။ ရုပ်ဖျက်ထားတဲ့အပြင် ဝတ်ပုံစားပုံကလည်း ပုံတုန်းတုန်း ခပ်အအစတိုင်မို့ ဘယ်သူမှသူမကိုသတိမထားမိ။
လျောကျနေသောမျက်မှန်ကိုင်းကို ခဏခဏပင့်တင်ရင်း လက်နှစ်ဖက်စလုံးမှာလည်း ပေါက်ပေါက်ဗူးတွေ၊ အချိုရည်တွေအပြည့်။
လောလော,လောလောနဲ့မို့ အသစ်ဝယ်ထားသောဖုန်းကလည်း အိမ်မှာချန်ထားခဲ့မိသည်။ ညှို့အနုပညာလုပ်ငန်းတွေကို ခဏအနားယူထားတာကြောင့် အရင်လက်ခံထားတဲ့အလုပ်တွေကလွဲရင် အခြားရိုက်ကူးရေးတွေလည်းသိပ်မရှိ။
အိမ်မှာပဲ ကောင်းကောင်းအနားယူကာ အိပ်လိုက်၊စားလိုက်နဲ့မို့ မျက်နှာလည်းပြည့်လာသလို ဝိတ်ပင်တတ်လာသေးသည်။ သူများတွေအသဲကွဲရင် အစားအသောက်ပျက်၊အအိပ်ပျက်ကြတာ များသည်။ ညှို့ကကျတစ်မျိုး။ စိတ်ညစ်လေ ပိုစားလေ။ ဘာမှမတွေးမိအောင် အိပ်စက်အနားယူပစ်လေ။
“ဪ နီလာနဲ့တော့... မလာသေးဘူးလားမသိဘူး...”
ရုပ်ရှင်ကစပြနေပြီဖြစ်ကာ အချိန်ကျော်သွားပြီမို့ ဆက်စောင့်မနေတော့ဘဲ ရုံထဲသာဝင်ခဲ့လိုက်သည်။ နီလာလာရင် ဝင်၍ရအောင် သူမဘေးခုံကလက်မှတ်ကို ကောင်တာကကောင်မလေးတွေအား နီလာ့နာမည်နဲ့ပုံပန်းပြောပြကာ ချန်ထားပေးခဲ့လိုက်သည်။
ပိတ်ကားပေါ်ကအလင်းရောင်ကလွဲရင် ရုပ်ရှင်တစ်ခုလုံးအမှောင်ကျနေ၏။ ရုပ်ရှင်ကစပြနေပြီဖြစ်ကာ အခုတလောနာမည်ကြီးနေသော သဲထိတ်ရင်ဖိုလူသတ်ကား။
ညှို့ သူမထိုင်ရမယ့်ခုံကိုရှာကာ ဝင်ထိုင်လိုက်သည်။ နိုင်ငံခြားကားမို့ ဇာတ်လမ်းထဲတွင်ပါသော ဇာတ်ဆောင်အမျိုးသားတွေက တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ကြည့်ကောင်းလှသည်။ သဲထိတ်ရင်ဖိုကားကိုမှ ရုံတစ်ခုလုံးကလည်း စိတ်ဝင်တစားနဲ့အသံတိတ်နေကြသည်ကြောင့် ပိုခြောက်ခြားစရာကောင်းနေသလိုပင်။
![](https://img.wattpad.com/cover/372012731-288-k647639.jpg)
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romansaခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...